ကမ္ဘာ့နေအဖွဲ့အစည်းနဲ့ အနီးဆုံးဖြစ်တဲ့ အလင်းနှစ် ၄.၄ နှစ် အကွာက Alpha Centauri ကို ၂၀၆၉ ခုနှစ်မှာ သွားကြည့်ဖို့ NASA ကတော့ ပြင်ဆင်နေပါပြီ။
၂၀၆၉ ခုနှစ်ဆိုတာ လကမ္ဘာပေါ်ကို လူတွေ ခြေချဖို့ကြိုးစားခဲ့တဲ့ အပိုလို ၁၁ ခရီးစဉ် အောင်မြင်ခဲ့တဲ့ ၆၉ ခုနှစ်ကနေ နှစ်ပေါင်း ၁၀၀ တိုင်မယ့် ကာလပေါ့။ လူတွေ ရှင်သန်နေထိုင်နိုင်တယ်လို့ ယူဆခံထားရတဲ့ Proxima B ဂြိုဟ်မှာ သက်ရှိတွေ ရှိမရှိ အနီးကပ်လေ့လာဖို့ ကြိုးစားတော့မှာပါ။
ဒါပေမယ့်လည်း ဒီလိုတွေဖြစ်လာနိုင်ဖို့ နှစ်ပေါင်း ၅၀ လောက် ကြိုပြင်ရသလို ဖြစ်နေပါတယ်။ ဒါကလည်း အကြောင်းတော့ ရှိပါတယ်။ အလင်းနှစ် ၄.၄ နှစ် ကွာဝေးတာမို့ အလင်းရဲ့ ဆယ်ပုံတစ်ပုံ အလျင်နဲ့ သွားရင်တောင် ရောက်ဖို့ ၄၄ နှစ်ကြာပါမယ်။ (အလင်းအလျင်ရဲ့ ဆယ်ပုံတစ်ပုံနဲ့ သွားဖို့ လက်ရှိမှာ မဖြစ်နိုင်သေးပါဘူး။) ဆိုတော့ ၂၀၆၉ ခုနှစ်မှာ တကယ် ထွက်ဖြစ်ရင်တောင် ၂၁၁၃ ခုနှစ်မှာ Proxima B ကို ရောက်ပါမယ်။ ပြီးရင် အလင်းအလျင်အတိုင်း အချက်အလက်တွေ ပြန်ပို့နိုင်မယ်ဆိုရင်တောင် အချက်အလက်တစ်ခု ရဖို့ ၄နှစ်နဲ့ ၅လဝန်းကျင် စောင့်ရပါမယ်။ Live Communication ဘယ်လိုမှ မလွယ်တော့ပါဘူး။ အန္တရာယ်လည်း အတော်ကြီးပါတယ်။
The Voyager team is able to use a set of four backup thrusters, dormant since 1980. They are located on the back side of the spacecraft in this orientation. Credit: NASA/JPL-Caltech