ဘာကြောင့် No Vote မလုပ်သင့်သလဲ?

၁။ ရွေးကောက်ပွဲက ကြေငြာထားတဲ့နေ့ ကျင်းပမှာပဲ။

ကိုယ်မဲပေးပေး၊မပေးပေး.. နိုဝင်ဘာ (၈) ရက်နေ့ဆို ရွေးကောက်ပွဲက ဖြစ်မှာပဲ။ ညနေစောင်းလောက်ဆို… ကိုယ့်ကို မဲပေးပါလို့ လာပြောနေတဲ့… လူ ၃၊၄ ယောက်ထဲက တစ်ယောက်က ကိုယ့်ကို ကိုယ်စားပြုသွားတော့မှာ။ ကိုယ်မဲမပေးရုံနဲ့ ရွေးကောက်ပွဲကြီးလည်း မကျင်းပဖြစ်တော့မှာ မဟုတ်သလို ဘယ်သူမှလည်း အမတ်မဖြစ်တော့မှာ မဟုတ်ဘူး။

၂။ တစ်ယောက်ကိုမှ မကြိုက်လို့ မယုံလို့ ဘယ်သူ့ကိုမှ မဲမပေးချင်ဘူးလား။

ဆန္ဒနယ်တစ်ခုမှာ အဲ့လို ဆန္ဒမပြုချင်တဲ့လူတွေ သိပ်များရင် ဘာဖြစ်မလဲဆိုတော့ “မကြိုက်ခြင်းတူရင်သော်မှဖြင့် ကိုယ်ပိုမကြိုက်တဲ့သူ” က ကိုယ့်ကိုကိုယ်စားပြုလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့လိုလူတွေက လောကသဘာဝအရကို.. ငွေတွေ၊ လူအားတွေ၊ မလျော်သြဇာတွေ သုံးတတ်တဲ့အကျင့်လေးတွေ ရှိတတ်ကြလို့ပဲ။ အဲ့တော့ စဉ်းစားပါ။ ကိုယ့်လို ငွေအား၊ မလျော်သြဇာတွေနဲ့ လွှမ်းမိုးဖို့မလွယ်တဲ့၊ သမာဓိအားကောင်းတဲ့ လူတွေက မဲမပေးပဲနေလိုက်ရင်… အလွှမ်းမိုးခံမယ့်လူတွေက လွှမ်းမိုးမယ့်လူတွေကို မဲပေးလိုက်မှာပဲ။ (မိုးစက်တင်လေ.. လေး နားထောင်ပြီး ဒီတစ်ပိုဒ်ကို ပြန်ဖတ်ကြည့်။ ပိုမိုက်တယ်။)

၃။ တကယ်ကို တစ်ယောက်မှ မစွံဘူး လို့ မြင်နေတာမျိုးလား။

တကယ်တမ်းတော့ ပါတီတွေ လူစာရင်းစထုတ်ပြန်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ တချို့ပါတီတွေဆို စာရင်းတောင် မထုတ်ပြန်သေးပါဘူး။ ပန်းဖလက်လေးတွေ ဖတ်ရင်ဖြစ်ဖြစ်၊ ဟောပြောထားတာတွေ ကြည့်နားထောင်ရင်းဖြစ်ဖြစ် စွံမစွံတော့ အရင်လေ့လာလို့ ရပါတယ်။

ဒါပေမယ့် အထိုက်အလျောက်တော့ လက်ခံပါတယ်။ အမတ်လောင်းတွေက တခါတခါကျ အရမ်းကြီး စွဲမက်စရာမရှိဘူး။ ပုံမှန်လောက်ပဲလို့ မြင်တတ်ကြပါတယ်။ ကျွန်တော်တို့ သူတို့တွေကို အာဝဇ္ဇန်းရွှင်ရွှင် ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်တဲ့ နိုင်ငံတကာဇာတ်ခုံပေါ်က အထင်ကရ နိုင်ငံရေးသမားကြီးတွေနဲ့ သွားသွားယှဉ်နေရင်တော့ မတရားပါဘူး။ ကျွန်တော်တို့နိုင်ငံက ဆင်းရဲပါတယ်။ ခက်ခဲကြမ်းတမ်းလွန်းတဲ့ သမိုင်းနဲ့အတူ မွေးဖွားကြီးပြင်းရှင်သန်ခဲ့ကြရတာပါ။ ကျွန်တော်တို့ရတဲ့ ရွေးချယ်မှုက အကန့်အသတ်နဲ့ပါပဲ။ ဒါဟာ အရှိတရားပါ။ ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေရဲ့ ရွေးချယ်မှုကလည်း ကျွန်တော်တို့လို အကန့်အသတ်နဲ့ပါပဲ။

ဒါပေမယ့် ကျွန်တော် တစ်ခုတော့ ပြောနိုင်ပါတယ်။ နောင် နှစ် ၃−၄−၅၀ မှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးပါတီတွေထဲကနေပဲ လူအများကြား ရေပန်းစားတဲ့ စတားအမတ်လောင်းတွေ ထွက်ပေါ်လာမှာပါ။ အာမခံပါတယ်။ အင်ဒိုနီးရှားက ဂျိုကိုဝီလို၊ တစ်ပါတီအားကြီးလွန်းတဲ့ စင်္ကာပူက အတိုက်အခံအမတ် ဒေါက်တာဂျေးမတ်စ်လို ပြည်သူတွေကြားထဲ နာမည်ရော ပုံရိပ်ပါ စွဲစွဲထင်ထင်ရှိတဲ့လူတွေ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာပါလိမ့်မယ်။ ဒါပေမယ့် အဲ့လိုပေါ်ထွက်လာဖို့အတွက် ကျွန်တော်တို့က မဲပေးခြင်းဖြင့် သူတို့ရဲ့ ဒီမိုကရေစီပြေးလမ်းကို ထိန်းသိမ်းမွမ်းမံပေးရပါမယ်။ ဒါမှ အမတ်တွေဟာ ပြေးလမ်းတစ်လျှောက်မှာ အတွေ့အကြုံယူနိုင်မှာဖြစ်သလို ခုနကပြောတဲ့ စတားအမတ်တွေ (လူငယ်မျိုးဆက်သစ်တွေ) ပေါ်ထွက်လာမယ့်အချိန်မှာလည်း ပြေးဖို့ ပြေးလမ်းရှိနေမှာပါ။

အတိုချုံ့ပြောရရင် အခုခေတ်၊ အခုနှစ် အတွက် မဲမပေးချင်ရင်တောင် နောင်ဆယ်စုနှစ်တွေနဲ့ နောင်မျိုးဆက်အတွက် ဒီမိုကရေစီ ယန္တရားဆက်လက်လည်ပတ်နိုင်ဖို့ မဲပေးကြပါ။

၄။ ကိုယ့်ကိုယ်ကို အလုပ်ရှင်လို့ တွေးကြည့်ပါ။

ဥပမာလေးတစ်ခုပေးဦးမယ်။ ကိုယ့်မြို့နယ်က ကိုယ်အပါအဝင် ဒါရိုက်တာ (၁၀) ယောက်ပိုင်တဲ့ ကုမ္ပဏီတစ်ခုလို့ တွေးကြည့်ပါ။ အမတ်က ကိုယ့်ကုမ္ပဏီမှာခန့်မယ့် မန်နေဂျာ ဆိုပါစို့။ နံပါတ် (၁) အချက်မှာ ပြောခဲ့သလိုပဲ လူတစ်ယောက် မဖြစ်မနေ ခန့်ရမှာပါ။ လာလျှောက်တဲ့လူက ၄ ယောက်။ ကိုယ်မရွေးရင် ရွေးတဲ့ဒါရိုက်တာတွေရဲ့ သဘောဖြစ်နေမယ်။ (တကယ့်အပြင်လောကရဲ့ သဘောအရ လူတစ်ယောက်မှ မဲမပေးဘူးဆိုတာ မရှိပါဘူး။ သုည ဘယ်တော့မှ မဖြစ်ပါဘူး။) သြဇာအညီအမျှရထားပြီး.. ကိုယ်လုပ်ပိုင်ခွင့် ကိုယ်ကန့်သတ်ရင် ကိုယ်ပဲ နစ်နာမှာ… ရိုးရိုးလေးပါ။

၅။ မဲပေးရတာ ငြီးငွေ့နေပြီတဲ့လား။

၁၉၄၄ ခုနှစ်နောက်ပိုင်း မွေးတဲ့ လက်ရှိမြန်မာနိုင်ငံသားအားလုံးနီးပါးက မဲ ၂ ခါပဲ ပေးရသေးတယ်။ ၁၉၉၀ မှာတခါ၊ ၂၀၁၅ မှာ တခါ။* အာရှတဝှမ်းတခြား ဒီမိုကရေစီ နိုင်ငံတွေက ခေတ်ပြိုင်နိုင်ငံသားတွေက အဲ့ကာလအတွင်းမှာ မဲ (၁၀) ခေါက် နဲ့ (၁၅) ခေါက်ကြား ပေးပြီးပြီ။ သူတို့တွေလည်း ငြီးငွေ့ဖို့ထားပါဦး။ 😀

* ၂၀၁၀ ရွေးကောက်ပွဲ က ပြည်ထောင်စုလွှမ်းခြုံကိုယ်စားပြုပါတီ ရွေးချယ်စရာမရှိလို့ ပြည်သူတွေ မဲပေးရွေးချယ်ဖို့ အတော်ခက်ခဲ့တဲ့အပြင် မဲမသမာမှုအတော် ဖြစ်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကလည်း လွှတ်တော်ရဲ့ ၄% လောက်ကိုပဲ ရွေးချယ်တာမို့ ပြည်သူအားလုံးရတဲ့ အခွင့်အရေးတခု မဟုတ်ပါဘူး။ ဒါကြောင့် ထည့်မရေတွက်တာပါ။ ၂၀၁၀ ကိုပါ ထည့်ရေတွက်မယ်ဆိုလည်း အပေါ်ကပြောချင်တဲ့ သဘောတရားရဲ့ လိုရင်း ထူးထူးထွေထွေ မပြောင်းသွားပါဘူး။

၆။ အားနာစရာလည်း ကောင်းပါတယ်။

၁၉၆၂ က စလို့ နိုင်ငံသားတွေ မဲပေးခွင့်ကို တစ်ဖက်သတ် အရုပ်သိမ်းခံလိုက်ရတာ ၂၈ နှစ်အကြာမှာ ပထမဆုံး လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့တယ်။ ဒါပေမယ့်လည်း ကတိတွေဖျက်၊ စကားတွေမတည်ခဲ့ကြပြန်ဘူး။ နောက်ထပ် ၂၅ နှစ်အကြာမှာမှ နောက်တခါ မဲထည့်ခွင့်ရခဲ့ပြန်တယ်။ ဒီလို လူလူသူသူ အခွင့်အရေး၊ တခြားတိုင်းပြည်တွေက ကိုယ့်နိုင်ငံကို မြင်တဲ့ အမြင်ကောင်း (good impression) ကို လွယ်လွယ်ကူကူရတာမဟုတ်ဘူး ဆိုတာတော့ လူတိုင်းသိပါတယ်။ ရဟန်းရှင်လူပြည်သူအပေါင်း အဲ့ဒီအတားအဆီးကို ပုခုံးနဲ့တွန်း ခေါင်းနဲ့တိုက် ဖြိုချဖျက်ဆီးခဲ့ရတာ။ ပေတရာပေါ်မှာလည်း သွေးတွေစီးခဲ့ရ..။ ဘဝတွေပျက်စီး.. ရှင်ကွဲအပြင် သေကွဲတွေနဲ့ရော။ ခုလို မဲပေးခွင့် ရတဲ့အခါမှကျတော့မှ သုံးကြိမ်မြောက်လောက်လည်း ရောက်ရော.. “တော်ပါပြီ။ မပေးချင်တော့ဘူး” လုပ်ရင် တမလွန်ကသူတို့တွေက ကိုယ်တွေကို အတော် စိတ်ပျက်မှာပဲ။ ဒါဟာ အလေးအနက်ထား တွေးရမယ့်ကိစ္စပါ။

၇။ အဲ့တော့ မဲမပေးတာနဲ့ လူဆိုးဖြစ်သွားရောလား။

လုံးဝမဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံသားတွေဟာ မဲမပေးခွင့်ရှိပါတယ်။ (ဒီမိုကရေစီနိုင်ငံတချို့မှာတော့ မဲမပေးခွင့် မရှိတော့ပါဘူး။) ကျွန်တော့် ပုဂ္ဂလအမြင်အရ.. တချို့အခြေအနေတွေမှာ မဲမပေးတာဟာလည်း ဆန္ဒပြုခြင်း တစ်မျိုးဖြစ်ပါတယ်။ ဥပမာ−

(က) ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်ဘက်မဲ့ တစ်ယောက်ထဲ ကိုယ်စားလှယ်လောင်း အရွေးခံမှာ ဖြစ်ပြီး အဲ့ကိုယ်စားလှယ်လောင်းကိုလည်း မကြိုက်တဲ့အခါ မဲမပေးပါနဲ့။ သူဟာ မဲနည်းနည်းလေးနဲ့ပဲ လွှတ်တော်ထဲ သွားထိုင်ရမှာပါ။ ဒါပေမယ့် ဒီအဖြစ်မျိုးဟာလည်း နောက်ကို ပိုနည်းလာဖို့ပဲ ရှိတော့မှာပါ။

(ခ) မငြိမ်းချမ်းတဲ့ အညိုရောင်နယ်မြေထဲ ရောက်နေလို့ ဘယ်ဓါးကြောက်ရမှန်း မသိလို့ မပေးတာမျိုးဟာလည်း သဘာဝကျပါတယ်။ ဒါပေမယ့် နယ်မြေမတည်ငြိမ်ရင် တော်ရုံအစိုးရတွေကလည်း မဲရုံမထားရဲတတ်ကြပါဘူး။ အဲ့တော့ ဒါဟာလည်း ကြုံရခဲတဲ့ အနေအထား ဖြစ်နိုင်ပါတယ်။

(ဂ) ရွေးကောက်ပွဲကို တာဝန်ယူတဲ့ ကော်မရှင်က လွတ်လပ်ပြီးတရားမျှတအောင် မလုပ်ပေးနိုင်ဘူးလို့ ယူဆရင်ရော.. ဘာလုပ်ကြမလဲ။ သမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ အဲ့လို ယူဆခံရတဲ့ ကော်မရှင်တွေဟာ ၂ ကြိမ်တိတိ နိုင်ငံတကာက လွတ်လပ်ပြီး တရားမျှတတယ်လို့ သတ်မှတ်ခံရတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့ပါတယ်။ ပြောချင်တာ.. ကော်မရှင်ကို မယုံလို့ဆိုပြီး တင်ကူးမှန်းဆချက်နဲ့ မဲမပေးပဲ ရွေးကောက်ပွဲက မှန်မှန်ကန်ကန် ဖြစ်နေရင် ကိုယ်ပဲ နစ်နာပါတယ်။ ရလဒ်ထွက်လာတဲ့အခါမှာ မတရားတာ၊ မသမာတာတွေတွေ့ပြီဆိုတော့မှ ရေးသားထုတ်ဖော်၊ စုဝေးဆန္ဒပြပြီး ကိုယ်ဖြစ်ချင်၊လိုချင်တာကို တောင်းဆိုတာက ပိုအဆင်ပြေမယ် ထင်ပါတယ်။

U.S. Goes on the Offensive Against China’s Empire-Building Funding Plan

But Myanmar also had outside help: A team of U.S. economists, diplomats and lawyers had been dispatched to the country on a pilot program to scrutinize contracts, flag bad deals, and empower the country to push for better terms with Chinese agencies and companies, according to current and former U.S. government officials.

Source: U.S. Goes on the Offensive Against China’s Empire-Building Funding Plan – WSJ

မြန်မာပြည်၊ ဖေ့စ်ဘွတ်ခ် နဲ့ ယူနီကုဒ်

ဖေ့စ်ဘွတ်ခ် တရားဝင် သတင်းစာမျက်နှာမှ ကောက်နှုတ်ချက်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ယူနီကုဒ်စံစနစ်အား လိုက်နာမှုမရှိပဲ အင်တာနက်အား တွင်ကျယ်စွာအသုံးပြုနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ယူနီကုဒ်စနစ်အစား မြန်မာစာလုံးပုံစံအတွက် ဇော်ဂျီအား အဓိကထား အသုံးပြုလျက်ရှိသည်။

စံစနစ်မဲ့နေခြင်းကြောင့်-

၁။ ဖေ့စ်ဘွတ်ခ် အပါအဝင် အခြားသူများအတွက် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်း
၂။ (ကွန်ပျူတာအခြေပြု) အလိုအလျောက် တွက်ချက်ဆောက်ရွက်မှု နှင့် မသင့်လျော်သည့် အကြောင်းအရာများအား သွက်လက်ထိရောက်စွာ ဟန့်တားနိုင်မှုအား ပိုမိုခက်ခဲစေခြင်း
၃။ အကောင့်လုံခြုံရေးအား လျော့ရဲစေခြင်း
၄။ ဗမာဘာသာမှလွဲ၍ မြန်မာနိုင်ငံရှိ အခြားသော (တိုင်းရင်းသား) ဘာသာများအား အထောက်အပံ့ပေးမှု အား‌နည်းစေခြင်း
၅။ သဘောသဘာဝအရ အဆိပ်အတောက်ဖြစ်လာစေနိုင်သည့် အကြောင်းအရာများအား ‌(ဖေ့စ်ဘွတ်ခ်ထံ) တိုင်တန်းမှုအား ပိုမိုခက်ခဲစေခြင်း

တို့ဖြစ်စေနိုင်သည်။

စနစ်ကွာဟမှုအား ‌ဖြေရှင်းနိုင်ရေးသည် မြန်မာ့နည်းပညာတိုးတက်ရေးအတွက် သာမက မြန်မာ့စီးပွားရေးဖွံ့ဖြိုးအတွက်ပါ အ‌ရေးကြီးပါသည်။

An Independent Assessment of the Human Rights Impact of Facebook in Myanmar ရှု

ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ လက်ဘက်ရည် ယဉ်ကျေးမှု

Classic Burmese laphet yay tea is a mix of evaporated milk, sweetened condensed milk and black tea. Classic Burmese laphet yay tea is a mix of evaporated milk, sweetened condensed milk and black tea.
VICTORIA MILKO / FOR NPR

“Tea shops are not just where people go to get good, cheap food,” says artist Kaung Kyaw Khine, 35, who earlier this year was featured in an art show in Yangon focusing on tea shops. “It’s a part of our culture, history, and where people go for all matters in life.”

via The Politics Of Myanmar’s Changing Tea Culture | KCLU