ဖေ့စ်ဘွတ်ခ် တရားဝင် သတင်းစာမျက်နှာမှ ကောက်နှုတ်ချက်
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ယူနီကုဒ်စံစနစ်အား လိုက်နာမှုမရှိပဲ အင်တာနက်အား တွင်ကျယ်စွာအသုံးပြုနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ယူနီကုဒ်စနစ်အစား မြန်မာစာလုံးပုံစံအတွက် ဇော်ဂျီအား အဓိကထား အသုံးပြုလျက်ရှိသည်။
စံစနစ်မဲ့နေခြင်းကြောင့်-
၁။ ဖေ့စ်ဘွတ်ခ် အပါအဝင် အခြားသူများအတွက် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်း
၂။ (ကွန်ပျူတာအခြေပြု) အလိုအလျောက် တွက်ချက်ဆောက်ရွက်မှု နှင့် မသင့်လျော်သည့် အကြောင်းအရာများအား သွက်လက်ထိရောက်စွာ ဟန့်တားနိုင်မှုအား ပိုမိုခက်ခဲစေခြင်း
၃။ အကောင့်လုံခြုံရေးအား လျော့ရဲစေခြင်း
၄။ ဗမာဘာသာမှလွဲ၍ မြန်မာနိုင်ငံရှိ အခြားသော (တိုင်းရင်းသား) ဘာသာများအား အထောက်အပံ့ပေးမှု အားနည်းစေခြင်း
၅။ သဘောသဘာဝအရ အဆိပ်အတောက်ဖြစ်လာစေနိုင်သည့် အကြောင်းအရာများအား (ဖေ့စ်ဘွတ်ခ်ထံ) တိုင်တန်းမှုအား ပိုမိုခက်ခဲစေခြင်း
တို့ဖြစ်စေနိုင်သည်။
စနစ်ကွာဟမှုအား ဖြေရှင်းနိုင်ရေးသည် မြန်မာ့နည်းပညာတိုးတက်ရေးအတွက် သာမက မြန်မာ့စီးပွားရေးဖွံ့ဖြိုးအတွက်ပါ အရေးကြီးပါသည်။
An Independent Assessment of the Human Rights Impact of Facebook in Myanmar ရှု