Home

Welcome to My New Personal Blog

ကြယ်စုများအား စွန့်ခွာဖြတ်ကျော်စွန့်စားခြင်း

ဝန်ခံချက်။ အောက်ပါ စာစုသည် ဒါရိုက်တာခရစ္စတိုဖာနိုလန် ရိုက်ကူးသည့် အင်တာစတယ်လာ (Interstellar) ရုပ်ရှင်အား ပြန်လည်ခံစားအတွေးပွားထားသည့် ယူကျု (YouTube) ဗီဒီယိုအား အခြေခံလျက် ဆီလျော်အောင် ထုတ်နှုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး အခြားပြင်ပမှအချက်အလက်အချို့လည်း ပါဝင်နိုင်သည်။ ဒါရိုက်တာခရစ္စတိုဖာနိုလန်ဟာ အချိန်ရဲ့သီအိုရီအပေါ် အတော်အလေးအနက်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ အခုဒီရက်ပိုင်းထွက်လာတဲ့ TENET ဆိုတဲ့ ရုပ်ရှင်ဟာလည်း အချိန်ပြောင်းပြန်ဖြစ်မှုနဲ့ ဆက်စပ်ပြီး တတိယကမ္ဘာစစ်ဖြစ်လာမယ့် အခြေအနေကို မင်းသားက ကယ်တင်ရတဲ့ ဇာတ်လမ်းမျိုးပါ။  ဒီစာမှာတော့ အင်တာစတယ်လာရုပ်ရှင်ထဲမှာပါတဲ့ အချိန်နဲ့၊ ချစ်ခြင်းမေတ္တာရဲ့ အချိန်အပေါ် သက်ရောက်မှုကိုပဲ ချဉ်းကပ်ကြည့်မှာပါ။ တခြား အချိန်ဖြစ်စဉ် (timeline) တွေ၊ သိပ္ပံသဘောတွေအကြောင်းတွေကို ဗဟိုမပြုပါဘူး။ ချစ်ခြင်းမေတ္တာ ဇာတ်လမ်းရဲ့ ကျောရိုးလည်းဖြစ်၊ အဓိကအကျဆုံး စကားပြောခန်းလဲ ဖြစ်တဲ့ ဒေါက်တာအမီလီယာဘရန်းရဲ့ ချစ်ခြင်းမေတ္တာတရားဟာ လေးနက်ပြီး…

ဘာကြောင့် No Vote မလုပ်သင့်သလဲ?

၁။ ရွေးကောက်ပွဲက ကြေငြာထားတဲ့နေ့ ကျင်းပမှာပဲ။ ကိုယ်မဲပေးပေး၊မပေးပေး.. နိုဝင်ဘာ (၈) ရက်နေ့ဆို ရွေးကောက်ပွဲက ဖြစ်မှာပဲ။ ညနေစောင်းလောက်ဆို… ကိုယ့်ကို မဲပေးပါလို့ လာပြောနေတဲ့… လူ ၃၊၄ ယောက်ထဲက တစ်ယောက်က ကိုယ့်ကို ကိုယ်စားပြုသွားတော့မှာ။ ကိုယ်မဲမပေးရုံနဲ့ ရွေးကောက်ပွဲကြီးလည်း မကျင်းပဖြစ်တော့မှာ မဟုတ်သလို ဘယ်သူမှလည်း အမတ်မဖြစ်တော့မှာ မဟုတ်ဘူး။ ၂။ တစ်ယောက်ကိုမှ မကြိုက်လို့ မယုံလို့ ဘယ်သူ့ကိုမှ မဲမပေးချင်ဘူးလား။ ဆန္ဒနယ်တစ်ခုမှာ အဲ့လို ဆန္ဒမပြုချင်တဲ့လူတွေ သိပ်များရင် ဘာဖြစ်မလဲဆိုတော့ “မကြိုက်ခြင်းတူရင်သော်မှဖြင့် ကိုယ်ပိုမကြိုက်တဲ့သူ” က ကိုယ့်ကိုကိုယ်စားပြုလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့လိုလူတွေက လောကသဘာဝအရကို.. ငွေတွေ၊ လူအားတွေ၊ မလျော်သြဇာတွေ သုံးတတ်တဲ့အကျင့်လေးတွေ ရှိတတ်ကြလို့ပဲ။ အဲ့တော့ စဉ်းစားပါ။ ကိုယ့်လို ငွေအား၊ မလျော်သြဇာတွေနဲ့…


Follow My Blog

Get new content delivered directly to your inbox.