အသုံးအဝင်ဆုံး ကင်မရာ lens (၁၀) မျိုး

There comes a time when every DSLR or mirrorless owner wants to branch out from the kit lens that came with their camera. But with so many to choose from, which lens should you buy?It’s easy to fall into the trap of thinking you need the full focal range of lenses, from ultra-wide to ultra-long. This is the wrong approach. Instead, decide what kind of photos you want to shoot, then pick a lens that’s best suited to that kind of photography.

Source: The Best Camera Lenses for 10 Popular Types of Photography

Blogging is most certainly not dead

A few weeks ago, I asked the readers of the Noticing newsletter to send in links to their blogs and newsletters (or to their favorite blogs and newsletters written by others). And boy, did they! I pared the submissions list down to a representative sample and sent it out as last week’s newsletter. Here’s a smaller excerpt of that list…you can find the whole thing here.

Source: Blogging is most certainly not dead

မြန်မာနိုင်ငံအတွက် အတုယူစရာ ဒေလီမြို့ပတ်ရထား (မက်ထရို) စနစ်

အခြေခံအဆောက်အအုံလို့ ဆိုလိုက်ရင် လူတွေမှာ အကြံဉာဏ်ကောင်းတွေ ရှိတတ်ပါတယ်။ မြို့ပတ်ရထားတွေ၊ ဖယ်ရီသင်္ဘောတွေ စသဖြင့်ပေါ့။ ဒါပေမယ့်လည်း တကယ် အကောင်အထည်မဖော်ဖြစ်တာတွေလည်း များပါတယ်။ အခုပြောမယ့် အိန္ဒိယနိုင်ငံက ဒေလီမြို့ပတ်ရထားကတော့ အံ့သြဖွယ်ရာ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အခြေခံအဆောက်အအုံ စီမံကိန်း တခု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက တိုကျိုမြို့ပြီးရင် အိန္ဒိယနိုင်ငံရဲ့ ဒေလီမြို့ဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေအရဆိုရင် ၂၀၁၀ နှစ်လည်ပိုင်းမှာ မြို့ရဲ့ လူဦးရေဟာ ၂၂ သန်းဖြစ်ပါတယ်။ (ဒါဟာ မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ တစ်ဝက်နီးပါး ရှိပါတယ်။) မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဘတ်စ်ကားတွေဟာ မောင်းတာကလည်း နှေး၊ အတွင်းထဲမှာလည်း ပူလောင်ပြီး ကြပ်ပိတ်သိပ်နေတာပါ။ ရထားဆိုတာကလည်း နယ်ဝေးတွေကို ပြေးဆွဲတဲ့ ရထားတွေပဲ ရှိပါတယ်။

နောက်တော့ ဒေလီဟာ မြို့ပတ်ရထား (မက်ထရို) စနစ် တစ်ခုကို စတင် အကောင်အထည်ဖော်ပါတော့တယ်။ အိန္ဒိယနိုင်ငံ အနေအထားနဲ့ ပြောရမယ်ဆိုရင် အဲ့စနစ်ဟာ ခေတ်သစ်ကမ္ဘာရဲ့ အံ့ဖွယ်တစ်ခုဆိုလည်း မမှားပါဘူး။

စီမံကိန်းကို ၁၉၉၅မှာ စတင်ရေးဆွဲခဲ့တယ်။ ၁၉၉၈ မှာ ဆောက်လုပ်ရေးတွေ စတင်ခဲ့တယ်။ ပထမဆုံးရထားကို ၂၀၀၂ မှာ ပြေးဆွဲနိုင်ခဲ့တယ်။ အခုဆို ရထားလိုင်းစုစုပေါင်း ၆ လိုင်း ပြေးဆွဲနေပြီး ရထားဘူတာ ၁၄၃ ခုကို ချိတ်ဆက်ထားပါတယ်။ တစ်နေ့ကို ခရီးသည် ၂ သန်း လိုက်ပါ စီးနင်းနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း အဆင့် (၄) ပြီးသွားရင်တော့ လန်ဒန်မြေအောက်ရထားကွန်ယက်ထက် ပိုကြီးသွားမှာ ဖြစ်ပြီး တစ်နေ့ကို လူ ၆ သန်း လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ယာဉ်ကြောပိတ်ဆို့မှုကို ထိထိရောက်ရောက်လျှော့ချနိုင်မယ့် အစီအမံတစ်ခု ဖြစ်ပါတယ်။

အိန္ဒိယမှာ အစိုးရစီမံကိန်းတွေက အကောင်အထည်ပေါ်မလာတာ များပါတယ်။ ဒါပေမယ့် ဒေလီမက်ထရိုကတော့ အလုပ်ဖြစ်ပါတယ်။ ရထားတွေဟာ (သတ်မှတ်ချိန်ရဲ့ ၁ မိနစ်အတွင်း) အချိန်မှန်ဆိုက်ရောက်တဲ့ နှုန်းဟာ ၉၉.၉၇ ရာနှုန်းရှိပါတယ်။ တနည်းဆိုရရင် အချိန်အရမ်းမှန်တဲ့ ရထားတွေပါ။ ရထားတွေဟာ သန့်ပြန့်နေပြီး အေးအေးလူလူနဲ့ လုံလုံခြုံခြံု လိုက်ပါစီးနင်း နိုင်တဲ့ အနေအထားပါ။ မနက်ခင်း အလုပ်သွား၊ ညနေခင်း အလုပ်ပြန် လူထူထပ်ချိန်တွေမှာ ရထားတွေကို ၂မိနစ်ခွဲ ၁ စီးနှုန်းနဲ့ လွှတ်ပေးပါတယ်။ အဲ့ဒီထက်ပိုပြီး အားကျစရာကောင်းတာက ရထားလုပ်ငန်းကနေ အမြတ်ရရှိနေတာပါပဲ။ အစိုးရစီမံကိန်းပေမယ့် အရှုံးခံလုပ်နေရတဲ့ အနေအထား မဟုတ်ပါဘူး။ တည်ဆောက်ရေးလုပ်ငန်း တဆင့်ချင်းစီဟာ သတ်မှတ်ချိန်အတွင်း သတ်မှတ်အသုံးစရိတ်နဲ့ အောင်အောင်မြင်မြင် ပြီးစီးခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်အိန္ဒိယသမိုင်းမှာတော့ အံ့ဖွယ်ရာတစ်ခုပါပဲ။

ဒီမက်ထရိုစီမံကိန်း ဘာလို့ နာမည်ကြီးလဲ၊ အောင်မြင်သွားလဲ တစ်ချက် လေ့လာကြည့်ကြပါစို့။

တကယ်တမ်းတော့ ဒီလိုစီမံကိန်းကြီးတွေဟာ တစ်ဦးကောင်း၊တစ်ယောက်ကောင်းနဲ့ လုံလောက်တဲ့သဘောမရှိပါဘူး။ ဒါပေမယ့်လည်း တကယ့်တကယ်တမ်းမှာတော့ လူတစ်ယောက်ရဲ့ ထူးချွန်ထက်မြက်မှုတွေကြောင့်သာ ဒီစီမံကိန်းအောင်မြင်တာဖြစ်ပါတယ်။

သူ့နာမည်ကတော့ အီလတ်တူဗလာပိလ် ရှရီဒါရန် ပါပဲ။

အိန္ဒိယမှာ အစိုးရစီမံကိန်းတွေဟာ နိုင်ငံရေးအမြတ်ထုတ်မှုတွေ၊ စွက်ဖက်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ နှောင့်နှေးမှုတွေ၊ အသုံးစရိတ်ကျော်လွန်မှုတွေနဲ့ အလုပ်မတွင်ကျယ်မှုတွေ ပြည့်နှက်နေတာမျိုးပါ။ ဒါပေမယ့် ဒေလီမက်ထရိုကတော့ ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ ဆိုရိုးကနေ ခွဲထွက်ပြီး ယနေ့အချိန်ထိ နာမည်ကောင်းနဲ့ အောင်မြင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကို ဦးစီးဖို့ အင်မတန် ထက်မြက်ပြီး အဂတိကင်းတဲ့ ရှရီဒါရန်ကို ဒါရိုက်တာအဖြစ် ခန့်အပ်ပြီး ကြီးကြပ်ခွင့်ပြုခဲ့လို့ပါပဲ။ သူ့ကို စီမံကိန်း အပ်တဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို သူတောင်းဆိုတာ တစ်ချက်ကတော့ စီမံကိန်းတစ်ခုလုံး သူ့စိတ်တိုင်းကျ စီမံဖို့နဲ့ ဘယ်ကဏ္ဍကိုမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ပါပဲ။

ရှရီဒါရန် ဒီလိုတောင်းဆိုနိုင်တာ ဘာကြောင့်လဲ သူ့နောက်ကြောင်းလေးကိုလည်း လေ့လာကြည့်ကြပါစို့။ အသက် ၆၀ တန်း အိန္ဒိယအမျိုးသားကြီးဟာ မွန်ဘိုင်းနဲ့ ဂိုအာမြို့တို့တွေကို ဆက်သွယ်ဖို့ မြေမကြာခဏ ပြိုလေ့ရှိတဲ့ တောင်တန်းတွေကို ဖြတ်ပြီး ကွန်ကန်အမည်ရ ရထားလမ်းကို ဖောက်ခဲ့သူပါ။ အဲ့ဒီလမ်းအတွက် တံတားပေါင်း ၁၅၀ ထိုးခဲ့ရပြီး ဥမင်လှိုင်ခေါင်းပေါင်း ၉၃ ခု ဖောက်ခဲ့ရပါတယ်။ သူ့ကို ကီရာလာပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ကီရာလာပြည်နယ်ဟာ အိန္ဒိယနိုင်ငံမှာ ပညာတတ်အများဆုံး နဲ့ ခြစားမှုအနည်းဆုံး ပြည်နယ် ဖြစ်ပါတယ်။ သူဟာ အိန္ဒိယမီးရထားလုပ်ငန်းနယ်ပယ်မှာ ရာစုနှစ်များစွာ ကျင်လည်ခဲ့ပါတယ်။ သူ့ကို နာမည်ကြီး ထင်ရှားလာစေခဲ့တဲ့ စီမံကိန်းတစ်ခုကတော့ ဆိုင်ကလုံးမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိန္ဒိယနဲ့ သီရိလင်္ကာကို ချိတ်ဆက်ထားတဲ့ ရာမီဆွာရမ်မြို့တံတားကို ပြန်လည်ပြင်ဆင်တဲ့ စီမံကိန်းပဲ ဖြစ်ပါတယ်။ ပြင်ဆင်ချိန် ၆ လ သတ်မှတ်ထားတာကို ရှရီဒါရန်ဟာ ၄၆ ရက်ထဲနဲ့ ပြင်ဆင်ပြီးစီးခဲ့လို့ပါပဲ။

ရှရီဒါရန်ကို ဒေလီ မက်ထရို စီမံကိန်း လုပ်ပေးဖို့ အပ်တော့ သူတောင်းဆိုတာ တစ်ချက်ထဲပါ။ နိုင်ငံရေးအရ လုံးဝ ပါဝင်စွက်ဖက်ခြင်း မလုပ်ကြဖို့ပါ။

သူဟာ လုပ်ချင်ကိုင်ချင်စိတ် တကယ်ရှိတဲ့ ဝန်ထမ်းအနည်းငယ်ကို ကျွမ်းကျင်မှုအပေါ်ပဲ အခြေခံပြီး လစာကောင်းကောင်းပေးလို့ အလုပ်ခန့်ပါတယ်။ ပြီးတော့ သူတို့ကို နိုင်ငံခြားတိုင်းပြည်တွေကို စေလွှတ်ပြီး ကမ္ဘာ့အကောင်းဆုံး မြို့ပတ်ရထားစနစ်တွေကို လေ့လာစေပါတယ်။ ရှရီဒါရန်ဟာ အတိုင်ပင်ခံတွေရဲ့ အကြံဉာဏ်ထက် သူ့ရဲ့ ဌာနတွင်း ဝန်ထမ်းကျွမ်းကျင်မှုကို ပိုပြီး အလေးထားခဲ့ပါတယ်။

စီမံကိန်း သတ်မှတ်ပြီးဆုံးရက်တွေနဲ့ သတ်မှတ်ကုန်ကျစရိတ်တွေကို အမှန်တကယ်ပြီးစီးနိုင်မယ့် အနေအထားတွေပေါ်မှာပဲ တွက်ချက်သတ်မှတ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ပြီးရင် မရွှေ့၊မပြင်ရပါဘူး။ ဆုံးဖြတ်ချက်ချပြီးရင်လည်း အဲ့ဒီဆုံးဖြတ်ချက်က အတည်သာဖြစ်ပါတယ်။ စီမံကိန်းမှာ မှားယွင်းမှုတွေ ပေါ်လာရင်လည်း လက်ညှိုးထိုး အပြစ်ပုံစရာ မရှာပဲ၊ ပြဿနာရဲ့အဖြေကိုသာ ရှာပါတယ်။ နာမည်ကျော် ဖော့ဘ်မဂ္ဂဇင်းကြီးကို ရှရီဒါရန်နဲ့ နှစ်ပေါင်း ၃၀ အလုပ်အတူတွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြန်ဖောက်သည်ချတာက “ရှရီဒါရန်ဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ အော်ဟစ်ဆူပူတာမျိုး မရှိပါဘူး” တဲ့။

ဒါပေမယ့် ရှရီဒါရန်ဟာ အရမ်းကြီး ကြင်နာသနားနေတာတော့လည်း မဟုတ်ပါဘူး။ အထူးသဖြင့် အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လာတဲ့အခါမျိုးမှာ သူဟာ သူ့လက်အောက်ဝန်ထမ်းတွေကို မဆိုင်းမတွ လုပ်ဖြုတ်ပစ်တတ်သူပါ။ နောက်ပြီးသူဟာ တင်ဒါစနစ်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကိုလည်း လျစ်လျူရှုပြီး သူတကယ် ယုံကြည်တဲ့ လုပ်ငန်းတွေကိုပဲ အလုပ်အပ်နှင်းပါတယ်။ ဒါပေမယ့် အကယ်လို့ သူယုံကြည်စိတ်ချထားတဲ့ လုပ်ငန်းတွေက သတ်မှတ်ချိန်အတွင်း သတ်မှတ်အရည်အသွေး၊ သတ်မှတ်ကုန်ကျစရိတ်နဲ့ မပြီးရင် သူတို့နဲ့လည်း လက်တွဲဖြုတ်ပါတယ်။ လက်သင့်ရာ စားတော်ခေါ်ပြီး စီမံကိန်းတွေကို ထင်သလို ကြိုးဆွဲတတ်ကြတဲ့ နိုင်ငံရေးသမားတွေဟာ ရှရီဒါရန်နဲ့ကြတော့ သူတို့ စိတ်ထင်တိုင်း လုပ်ကိုင်လို့မရတော့ပါဘူး။

ရှရီဒါရန် လုပ်ငန်းခွင်အတွင်း အလေးထားတဲ့ အချက်တွေရှိပါတယ်။
• မြန်ဆန်မှုနဲ့ အလုပ်တွင်ကျယ်မှု
• မူလကတည်းက မှန်ကန်မှု
• အချိန်တိကျမှု၊ ကုန်ကျစရိတ် မကျော်လွန်မှု၊ အရည်အသွေး ပြည့်မှီမှု တို့ပါပဲ။

ရှရီဒါရန်ဟာ စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ငန်းပိုင်းအသေးလေးတွေ အများကြီးခွဲလို့ ကွန်ထရက်တာတွေကို အပ်ပြီး စီမံကိန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါတယ်။ ကွန်ထရက်တာတွေကို များသောအားဖြင့် လုပ်ငန်းပြီးစီးမှုအလိုက် ၂၄ နာရီအတွင်း ကျသင့်ငွေကို ပေးချေပါတယ်။ ကျန်တဲ့ ကျသင့်ငွေတွေကိုလည်း တစ်ပတ်အတွင်း ပေးချေလေ့ရှိပါတယ်။ ငွေရမြန်မှုဟာ ရှရီဒါရန်နဲ့ လက်တွဲလုပ်ဖို့ ကွန်ထရက်တာတွေအတွက် မက်လုံးတစ်မျိုးပါပဲ။ “လုပ်ငန်းသဘောဟာ ယုံကြည်မှုအပေါ်တည်တယ်။ ယုံကြည်မှုကို ချိုးဖျက်မိရင် ပေးဆပ်ရမှုက သိပ်ကြီးမားလွန်းတယ်” လို့ ဖော့ဘ်မဂ္ဂဇင်းကြီးက ဆိုပါတယ်။

လက်ရှိအချိန်အထိ ဒီမက်ထရိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀၀ ပဲ ကုန်ကျပါသေးတယ်။ အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်သားတွေဟာ စျေးသက်သာပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်ရဲ့ အများစုဟာ ဂျပန်နိုင်ငံ ထောက်ပံ့ရေးအေးဂျင်စီရဲ့ အတိုးနှုန်းထားသက်သာတဲ့ ချေးငွေပါ။ အိန္ဒိယနိုင်ငံ အမျိုးသား အစိုးရ (ပြည်ထောင်စု အစိုးရ) နဲ့ ဒေလီ ပြည်နယ်အစိုးရတို့ဟာ ကုန်ကျစရိတ်ရဲ့ ၁၅ ရာခိုင်နှုန်းစီကို ကျခံပေးပါတယ်။ ကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းဟာ ရထားဘူတာအသစ်တွေရဲ့ ဝန်းကျင်က တည်ဆောက်ရေးစီမံကိန်း ဧရိယာတွေက ဝင်ငွေဖြစ်ပါတယ်။

ရှရီဒါရန်ဟာ အသက် ၇၉ နှစ်အရွယ်မှာ အငြိမ်းစားယူခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ဇာတိဖြစ်တဲ့ ကီရာလာပြည်နယ်ကို ပြန်လည်အခြေချခဲ့ပြီး ကိုချီမြို့ရဲ့ အသေးစားမြို့ပတ်ရထားစီမံကိန်းကို ဂျပန်နဲ့ ပြင်သစ်နိုင်ငံများမှ ထောက်ပံ့ငွေများနဲ့ တည်ဆောက်နေပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေတိုင်းဟာ ဒေလီကို အားကျနေရပါပြီ။ မက်ထရိုစနစ်တစ်ခုကို သူတို့မြို့မှာ လိုချင်နေကြပါပြီ။

ကိုးကား – http://www.smh.com.au/comment/delhis-metro-success-a-lesson-for-australia-20130401-2h2w8.html

ကားမှတ်တိုင်သစ် ၅ဝဝ တစ်နှစ်ခွဲအတွင်း အပြီးဆောက်မည်

မှတ်တိုင်များ၏ ခေါင်မိုးတွင် ဘတ်စ်ကားခန့်မှန်းရောက်ရှိချိန်အား ဖော်ပြမည့်အပြင် အီလက်ထရွန်းနစ်ကိရိယာများ အားသွင်းရန် USB  ပေါက်များ တပ်ဆင်ထားသော ဘတ်စ်ကားမှတ်တိုင်သစ် ၅ဝဝ၊ ကြော်ငြာစာမျက်နှာနှင့် ရန်ကုန်မြို့တော်၏ သတင်းအချက်အလက်များ အသိပေးဖော်ပြသည့် ဆိုင်းဘုတ် ၅ဝဝ တို့ကို တည်ဆောက်သွားမည်ဖြစ်သည်

Source: ကားမှတ်တိုင်သစ် ၅ဝဝ တစ်နှစ်ခွဲအတွင်း အပြီးဆောက်မည်

ရန်ကုန်မြို့၏ ပထမဆုံး မိုးပျံလမ်း

source:http://slideplayer.com/slide/10555345/

ကီလိုမီတာပေါင်း ၄၀ ခန့်ရှည်လျားမည့် ရန်ကုန်မိုးပျံလမ်း Yangon Elevated Expressway Project စီမံကိန်း PPP အစီအစဉ်ဖြင့် ဖော်ဆောင်ရန် ပြည်တွင်းပြည်ပကုမ္မဏီများကို ယခုနှစ်အတွင်း တင်ဒါဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုးပျံလမ်းဖြစ်လာမည့် ယင်းစီမံကိန်း ဆောက်လုပ်မှု ကုန်ကျစရိတ်အတွက် တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ကုန်ကျမည့်ဟု အကြမ်းဖျင်း သတ်မှတ်ထားပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးလုပ်နိုင်သော ကုမ္ပဏီတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကုမ္ပဏီများကို ရွေးချယ်သွားရန်အတွက် တင်ဒါသတ်မှတ်ချက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန World Bank နှင့် IFC တို့နှင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

“တင်ဒါကိုလည်း ယခုနှစ်ထဲ ခေါ်သွားမယ်။ စီမံကိန်းရဲ ့အခြေခံအဆင့် ဆောက်လုပ်ရေးပိုင်းကိုလည်း ယခုနှစ်ကတည်းက စတင်သွားနိုင်အောင် ရည်မှန်းထားတယ်။ တင်ဒါအတွက် စည်းမျဉ်းစည်းကမ်းတွေကို World Bank က သတ်မှတ်ထားတဲ့ Criteria တွေနဲ့အညီပဲခေါ်သွားမှာပါ။” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုသည်။

စီမံကိန်းသည် ရန်ကုန် Inner Ring Road ၏ အရှေ့ ဘက်ခြမ်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှု ဇုန်အထိအပိုင်း ၂၂ ဒသမ ၅ ကီလိုမီတာ ဖြစ်ပြီး ထိုမှတစ်ဆင့် မင်္ဂလာဒုံစက်မှုဇုန်မှ အမှတ် ၃ လမ်းမကြီးမှတစ်ဆင့် လက်ရှိ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးနှင့် သွားရောက်ဆက်သွယ်မည့်အပိုင်း၏ အရှည်မှာ ၁၅ ကီလိုမီတာဟု သတ်မှတ်ထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှတစ်ဆင့် အနာဂတ် တွင် ပေါ်ပေါက်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးနှင့်ဆက်သွယ်ရန် ရည်ရွယ်ထားရှိခြင်း ဖြစ်သည်။

စီမံကိန်းအတွက် အကြမ်းဖျဉ်း လျာထားချက်တွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းကနေ မင်္ဂလာဒုံစက်မှုဇုန်အထိ ဖေါက်လုပ်မည့် စီမံကိန်း၏ ပထမအပိုင်းကို ဗိုလ်တထောင် ကမ်းလမ်းကနေ-ရာဇာဓိရာဇ်လမ်း- တာမွေမြို့နယ်ရှိ ကြက်ဘဲစျေးအနီးမှ သုဝဏ္ဏလမ်းဆုံ-သုဓမ္မလမ်း- ပြည်ထောင်စုလမ်း- မြောက်ဥက္ကလာ ရေကူးအသံလွှင့်စက်ရုံ-မင်္ဂလာဒုံစက်မှုဇုန် အမှတ်သုံး လမ်မ ထိပ် အထိ ဖေါက်လုပ်သွားမည်ဟု သိရသည်။ ထို့နောက် စီမံကိန်း ဒုတိယ အဆင့်အနေဖြင့် အမြန်လမ်းမထိပ်ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထိပ် ဖော်ဆောင်မည့်စီမံကိန်း တဆင့်ချင်း အကြမ်းဖျင်း သတ်မှတ်ထားချက်ကို ၎င်းကရှင်းပြသည်။

“မိုးပျံလမ်းဖောက်လုပ်ပြီး မြို ့ထဲမှာ ယာဉ်ကြောတွေရှင်းလင်းပြီး အမြန်လမ်းဘက်မှ ယာဉ်တွေ စုံပုံနေတာမျိုးကိုလည်း မဖြစ်စေချင်ဘူး ။ ဒီအတွက်အမြန်လမ်းမှာ ယာဉ်ကြောပိတ်ဆို့တာမျိုးမဖြစ်အောင် စနစ်တကျ စီမံသွားမှာပါ။” ဟု ၎င်းကရှင်းပြသည်။

ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည့် Yangon Elevated Expressway Project အတွက် ဘဏ္ဍာရေးအကြံပေးဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် {Financial Advisory Services Agreement (FASA)} ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့က နေပြည်တော်တွင် ဇန်နဝါရီလ ၁၀ ရက်က လက်မှတ်ရေးထိုးကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်ဦးအုန်းလွင်နှင့် IFC မှ Country Manager Mr. Vikram Kumar တို့က သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုစီမံကိန်းတွင် ဟံသာဝတီလေဆိပ်အသစ်စီမံကိန်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းစီမံကိန်းနှင့် သီလဝါစက်မှုဇုန်တိုနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး Project Management, Project Operation များကို နိုင်ငံ တကာအဆင့်အတန်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားခဲ့ကြောင်းသိရသည်။

စီမံကိန်း၏ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စီမံခန့်ခွဲမှု အစိတ်အပိုင်းတစ်ခုအနေဖြင့် International Finance Corporation (IFC) ကို Advisory Transaction ဆိုင်ရာများအတွက် ငှားရမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အစိုးရကသတင်းထုတ်ပြန်ထားချက်အရသိရသည်။

လမ်းဧရိယာနှင့် နယ်မြေဧရိယာ အချိုးဆန်းစစ်ချက်များအရ အိမ်နီးချင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့၏ လမ်းဧရိယာသည် မြို့ဧရိယာစုစုပေါင်း၏ ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့သည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ရန်ကုန်မြို့သည် ၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း အစိုးရသတင်းထုတ်ပြန်မှုတွင် ပါရှိထားသည်။

Source: Myanmar to Build its First Elevated Expressway in Yangon

Image Source: ASEAN Awareness Forum II

Yangon Payment System

YRTA will soon introduce Yangon Payment System (YPS). According to Global New Light of Myanmar, they are gonna announce winner for YPS tender on coming 10th January. I wish to see some promotions from the winning company in first few months to make the adoption rate better.

Majority of regular commuters are from low-income households. They will not be willing (or rather cannot afford) to top-up large sum of money (say Ks5000). Probably Ks1000 to Ks2000 top-ups will be more common. (Another reason of low top-up amount may be the concern that they might lose the card.) We may also have to consider what is the smallest acceptable denomination – Ks200 or Ks500.

In order to make the system efficient, promotions similar to mobile bill counterparts can be implemented. For example, if we top-up Ks2000, there will be Ks200 additional credit etc. In fact, there are many things to consider while devising policies with big impact on large population. And, winning company, I hope, makes the system flexible enough to ensure that it can adapt to demands and requirements which may soon arise.

I wish YBS a success.

Alpha Centauri ကို ၂၀၆၉ မှာ သွားဖို့ NASA ပြင်ဆင်နေ

ကမ္ဘာ့နေအဖွဲ့အစည်းနဲ့ အနီးဆုံးဖြစ်တဲ့ အလင်းနှစ် ၄.၄ နှစ် အကွာက Alpha Centauri ကို ၂၀၆၉ ခုနှစ်မှာ သွားကြည့်ဖို့ NASA ကတော့ ပြင်ဆင်နေပါပြီ။

၂၀၆၉ ခုနှစ်ဆိုတာ လကမ္ဘာပေါ်ကို လူတွေ ခြေချဖို့ကြိုးစားခဲ့တဲ့ အပိုလို ၁၁ ခရီးစဉ် အောင်မြင်ခဲ့တဲ့ ၆၉ ခုနှစ်ကနေ နှစ်ပေါင်း ၁၀၀ တိုင်မယ့် ကာလပေါ့။ လူတွေ ရှင်သန်နေထိုင်နိုင်တယ်လို့ ယူဆခံထားရတဲ့ Proxima ​B ဂြိုဟ်မှာ သက်ရှိတွေ ရှိမရှိ အနီးကပ်လေ့လာဖို့ ကြိုးစားတော့မှာပါ။

ဒါပေမယ့်လည်း ဒီလိုတွေဖြစ်လာနိုင်ဖို့ နှစ်ပေါင်း ၅၀ လောက် ကြိုပြင်ရသလို ဖြစ်နေပါတယ်။ ဒါကလည်း အကြောင်းတော့ ရှိပါတယ်။ အလင်းနှစ် ၄.၄ နှစ် ကွာဝေးတာမို့ အလင်းရဲ့ ဆယ်ပုံတစ်ပုံ အလျင်နဲ့ သွားရင်တောင် ရောက်ဖို့ ၄၄ နှစ်ကြာပါမယ်။ (အလင်းအလျင်ရဲ့ ဆယ်ပုံတစ်ပုံနဲ့ သွားဖို့ လက်ရှိမှာ မဖြစ်နိုင်သေးပါဘူး။) ဆိုတော့ ၂၀၆၉ ခုနှစ်မှာ တကယ် ထွက်ဖြစ်ရင်တောင် ၂၁၁၃ ခုနှစ်မှာ Proxima B ကို ရောက်ပါမယ်။ ပြီးရင် အလင်းအလျင်အတိုင်း အချက်အလက်တွေ ပြန်ပို့နိုင်မယ်ဆိုရင်တောင် အချက်အလက်တစ်ခု ရဖို့ ၄နှစ်နဲ့ ၅လဝန်းကျင် စောင့်ရပါမယ်။ Live Communication ဘယ်လိုမှ မလွယ်တော့ပါဘူး။ အန္တရာယ်လည်း အ​တော်ကြီးပါတယ်။

NASA hopes to send a probe to Alpha Centauri in 2069 ရှု

ဂျကာတာမြို့တွင်းမှ လေဆိပ်သို့ ရထားဆွဲပြီ

Jakarta Airport Train Finally RunningPT Railink workers check the equipment of the new airport train in Manggarai Train Depot, Jakarta, Friday, November 24, 2017. The train will connect downtown Jakarta from Sudirman Station and Soekarno Hatta Airport in tangerang with capacity of 33.000 passengers each day. PT Railink will conduct the test run of the train on December 2017. (JP/Seto Wardhana.)

During a trial period from Dec. 26 to Jan. 1 passengers are charged Rp 30,000 (US$2.2) for a one-way ticket. On Jan. 2, the fare will increase to Rp 70,000, and eventually it will increase to Rp 100,000 per trip.

For 36.3km journey, I consider ticket fares to be rather expensive. Promotional price of 2800 MMK will become regular price of 6600 MMK starting January 2, 2018. And, eventually, it will become 9500 MMK. But, if you have experienced Jakarta’s notorious traffic from airport to city, you’d probably be more glad that you have new travelling option.

လေဆိပ်ကနေ ဂျကာတာ မြို့ထဲကို ၃၆.၃ ကီလိုမီတာ ခရီးအတွက် စမ်းသပ်ကာလ အထူးလျှော့စျေးအနေနဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ဇန်နဝါရီလ ၁ ရက်နေ့အထိ ရထားလက်မှတ်ခ မြန်မာငွေ ၂၈၀၀ ကျပ်ကျသင့်မှာ ဖြစ်တယ်။ ဇန်နဝါရီလ ၂ ရက်နေ့ကနေ စပြီး မြန်မာငွေ ၆၆၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြန်မာငွေ ၉၅၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံ သွားဖို့ရှိပါတယ်။ စျေးများတယ်လို့ ဆိုနိုင်ပေမယ့် ဂျကာတာ လေဆိပ်ကနေ မြို့ထဲကို သွားရင် ကြုံတွေ့နေကျ ယာဉ်ကြောကြပ်တည်းမှုကို ကြုံတွေ့ဖူးတဲ့သူတွေအတွက်တော့ ခုစတင်လိုက်တဲ့ ရထားပြ​ေးဆွဲမှုဟာ သတင်းကောင်းတစ်ခုပါပဲ။

Source: Long-awaited airport train finally running – News – The Jakarta Post

ရန်ကုန်မြို့၏ သမိုင်းဝင်အဆောက်အအုံအား ပြန်လည်ဝင်ထွက်နိုင်တော့မည်

Iconic building undergoing restoration, tours launched in the meantime Iconic building undergoing restoration, tours launched in the meantime

Yangon Heritage Trust and Anawmar Art Group are in the midst of a restoration project to bring the building back to its former glory while preserving Yangon’s architectural heritage.

Slated for completion in 2019, the Secretariat will serve as a cultural complex, housing museums, galleries, event spaces, offices and a range of F&B outlets.

Source: Yangon heritage building reopens to public | TTG Asia