Browsers

IE7 is pre-installed with my Vista. But, I never used it and I won’t. (I would agree that it is quite light on resource). If I am forced to use IE (let say, for web development), I will use Maxthon (previously, myIE2). I would like you to give it a try.

Firefox 3 is much better than its previous version 2. It does perform better. People love Firefox primarily due to its add-ons. my guess. (Some of my favourite add-ons: ImageZoom, FireBug, DownThemAll, and FastDial).

But, hmm, Opera 7.5 began to support Burmese unicode font. Lack of that support was the only reason I did not use Opera before. More, I feel that Opera font rendering seems nicer than Firefox’s. I like Opera’s SpeedDial but Firefox’s FastDial works similar way, too.

I use Safari just to access my Google Reader. Google Reader looks so good in Safari. But, Safari Still crashes now and then. But, web page rendering speed is really satisfactory. But, Firefox 3 and Opera 7.5 still can compete with Safari 3 for page rendering. They all are generally getting better.

I don’t use Flock.

အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်၊

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ၊

ကလေးလေးတွေ နွေးထွေးဖို့လေ…
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ။
မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ…
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ…။

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်…။
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်…။

ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်။
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်။
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်…။
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ က မယ်။

(ကလေးလေးတွေ နွေးထွေးဖို့လေ…)

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်။
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ…
ဒဏ္ဍာရီရာဇဝင်လို ဝိဉာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်…။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။

(ကလေးလေးတွေ နွေးထွေးဖို့လေ…) x ၂

လူကဲခတ်ပညာ အခြေခံ ခုနစ်ချက်

(၁) လေးလေးနက်နက် နားထောင်ပါ။

တစ်ဘက်လူ “ဘာကို” ပြောနေတာလဲ ဆိုတာကိုသာမက “ဘယ်လို” ပြောနေတာလဲ ဆိုတာကိုပါ နားထောင်ပါ။ လူတွေဟာ သူတို့ ပြောသင့်တာထက် ပိုပြီး ပြောတတ်ကြပါတယ်။

တဘက်သား ပြောနေတဲ့အခါ ကိုယ်က မသိမသာ မရိုးမရွ ဖြစ်နေဟန်နဲ့ ငြိမ်ပြီး နားထောင်ပါ၊ သူက ပြောသင့်တာထက် ပိုပြီး အများကြီး ပြောလာပါလိမ့်မယ်။

(၂) လေးလေးနက်နက် လေ့လာပါ။

ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ တချို့က အကြောင်းအမျိုးမျိုးကြောင့် စိတ်လှုပ်ရှားပြီး ခြေတုန်လက်တုန် ဖြစ်နေတတ်ကြတယ်။

တချို့ကျတော့လဲ မေးခွန်းတစ်ခု မေးလိုက်တာနဲ့ မျက်နှာပျက်သွားတာမျိုး၊ အမူအရာ ပြောင်းသွားတာမျိုးတွေ ရှိတယ်။

သူ့စကား၊ သူ့ဟန်ပန်နဲ့ သူ့အဝတ်အစားကို ကြည့်ပြီး သူ့စိတ်နေသဘောထားကို အကဲခတ်နိုင်ပါတယ်။

(၃) နည်းနည်းပြောပါ။

တစ်ဘက်သားပြောတာကို များများနားထောင်ပြီး ကိုယ်က နည်းနည်းသာပြောရင် များများမြင်ရမယ်၊ များများကြားရမယ်၊ များများသိရမယ်၊ ကိုယ့်ဘက်က အမှားနည်းမယ်။

ဒါပေမယ့် အခြေအနေအရ လိုအပ်လို့ ကိုယ်က မေးခွန်းထုတ်တဲ့အခါမှာ ကိုယ့်ဟာကိုယ် ပြန်ဖြေတဲ့ မေးခွန်းမျိုးတော့ မဖြစ်ပါစေနဲ့။

(၄) ပြန်ပြီး သုံးသပ်ပါ။

ကိုယ့်ရဲ့ ပထမဆုံး အထင်အမြင်ကို အဓိကထားပါ။ ဒါပေမယ့် သေသေချာချာ ပြန်လည် သုံးသပ်ပြီးမှ လက်ခံပါ။ တစ်ဘက်သားအပေါ် ပထမဆုံး အထင်အမြင်နဲ့ နောက်ဆုံး ခံယူမှုအကြားမှာ စဉ်းစားတွေးခေါ်မှုပြုပြီးမှ ဆက်ဆံရေး တစ်ခုရဲ့ အခြေအနေမှန်ကို ရနိုင်ပါတယ်။

(၅) အချိန်ယူပါ။

တစ်ယောက်ယောက်နဲ့ သွားတွေ့ရတော့မယ်၊ ဒါမှမဟုတ် ဖုန်းဆက်ရတော့မယ်ဆိုရင် နည်းနည်း အချိန်ယူပြီး စဉ်းစားပါဦး။

ကိုယ်က တစ်ဘက်သားအကြောင်း ဘယ်လောက်သိထားသလဲ၊ သူ့ဆီက ဘယ်လိုတုံ့ပြန်မှုမျိုး လိုချင်သလဲ။

အဲ့ဒီလို တစ်ဘက်သားအကြောင်း သိသင့်တာတွေကို ကြိုတင်သိထားမှသာ ကိုယ့်ဘက်က ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို သိမယ်၊ ဒါမှ တစ်ဘက်သားဆီက ကိုယ်လိုချင်တာကို ရနိုင်မယ်။

(၆) ချင့်ချိန်တတ်ပါစေ။

လူကဲခတ်ရာမှာ ချင့်ချိန်တတ်ဖို့ အရေးကြီးပါတယ်။ တစ်ဘက်သားအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်လေ့လာ သိရှိထားတာတွေကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ အသုံးချတတ်ဖို့ လိုပါတယ်။

တစ်ဘက်သားအကြောင်း ကိုယ်သိတာတွေ၊ သူ့ရဲ့ ချို့ယွင်းချက်တွေကို သူ့ကို မပြောပြပါနဲ့။ အဲဒီလို ပြောလိုက်ရင် ကိုယ်သိထားတာတွေကို အကျိုးရှိရှိ အသုံးချဖို့ အခွင့်အရေး ဆုံးရှုံးသွားတတ်တယ်။

ကိုယ့်အကြောင်း သူ မသိလေလေ ကိုယ်သိတာတွေကို အသုံးချနိုင်လေလေပဲ။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ၊ အောင်မြင်မှုတွေ၊ အရည်အချင်းတွေကို တစ်ဘက်သား သိအောင် လုပ်ဖို့ပဲ။ ဒါပေမယ့် ကိုယ်တိုင်မပြောပြပါနဲ့။ တခြားလူတွေဆီက တစ်ဆင့်သာ တစ်ဘက်သား သိပါစေ။

(၇) တန်ပြန်ခြင်းကို ရှောင်ပါ။

စီးပွားရေးလုပ်ငန်း အခြေအနေ တစ်ရပ်မှာ တင်းမာမှုရှိနေရင် ထိပ်တိုက်မရင်ဆိုင်ပါနဲ့။ ကိုယ်က နောက်ဆုတ်ပေးပါ။ အဲဒီလိုဆိုရင် ကိုယ့်ရဲ့ လေ့လာမှုစွမ်းရည် ပိုပြီး ထက်မြက်လာလိမ့်မယ်။ တစ်ဘက်လူက တင်းမာနေရင် အဲ့ဒါဟာ ကိုယ့်အတွက် အခွင့်အရေးပဲ။ အဲဒီအချိန်ဟာ သူ့ကိုယ်သူ အများဆုံး ရင်ဖွင့်တတ်တဲ့ အချိန်ပဲ။

သူ တင်းသလို ကိုယ်က ပြန်တင်းမယ်ဆိုရင် ကိုယ်ဟာ ခံယူသူ၊ လေ့လာသူ မဖြစ်တော့ပဲ တရားခံဖြစ်သွားလိမ့်မယ်၊ ကိုယ့်အကြောင်းတွေ အများကြီး ရင်ဖွင့်မိလိမ့်မယ်။

Original: What They Don’t Teach You At Havard Business School

ဦးနှောက်

“မင်း အမြဲတမ်း သိနေတဲ့ ကိစ္စတစ်ခုကို… တစ်ယောက်ယောက်က မေးလာလို့ ပါးစပ်ဖျားလေးတင် မေ့နေတယ် ဆိုရင်… ဒေါသမထွက်နဲ့။

မင်း မေ့မေ့ပျောက်ပျောက် ထားလိုက်ပေမယ့်… နောက်တစ်နေ့ မင်းရေချိုးနေရင်း ရုတ်တရက် သတိပြန်ရချင် ရလာလိမ့်မယ်။ မင်းကသာ မစဉ်းစားတော့တာ။ ဦးနှောက်က သူလက်ခံထားတဲ့ အလုပ်ကို ပြီးအောင် လုပ်ပေးလိုက်တဲ့ သဘောပဲ”

စိတ်ဓာတ်

ရန်ကုန်မှာတုန်းက အဖေ့မိတ်ဆွေတစ်ယောက် သူ့ Laptop အဆင်မပြေလို့ ကျွန်တော် သွားကြည့်ပေးတယ်လေ။ ကြည့်ပြီး ပြန်လာတော့ (ပြင်လို့မရတော့လည်း ကြည့်ပြီး ပြန်လာရတာပေါ့လေ။) နေ့လည် ၁ နာရီကျော်နေပြီ။ အိမ်က ထွက်လာတာလည်း မနက် ၁၀နာရီခွဲလောက်က ဆိုတော့ စားချိန်တန်ပြီပေါ့။

ဒါနဲ့ အိမ်မပြန်ခင် လမ်းမှာ မုန့်ဝယ်စားမယ်ဆိုပြီး မကြီးမသေး လမ်းဘေးမုန့်ဆိုင်လေးရှေ့ ရပ်လိုက်တယ်။ အိမ်ပြန်ရောက်ရင်လည်း ထမင်းစားရမှာဆိုတော့ သိပ်အများကြီးလည်း မစားချင်တာနဲ့ အာလူးကြော် အထုပ်ခပ်သေးသေးလေးကို ဆွဲဖြုတ်လိုက်တယ်။ နောက်ပြီး ဈေးရောင်းသူကို ဘယ်လောက်လဲ ဆိုတော့

အမျိုးသမီး။ ။ (လေသံခပ်ပြတ်ပြတ်ဖြင့်) “၁၀ဝ။ ၁၀ဝ တန်ပဲ ပေးပါ။”

ကိုယ့်အိတ်ထဲကြည့်တော့ ၁၀ဝ၀ တန်တွေကြီးပဲ။ ၅၀ဝ တန်တောင် မရှိဘူး။ အင်း… ခက်ပြီ။

ကျွန်တော်။ ။ “ကျွန်တော့်မှာ ၁၀ဝ တန် မရှိလို့”
အမျိုးသမီး။ ။ “၂၀ဝ တန် ပေး”

ကျွန်တော်လည်း အိတ်ကို သူ့ဘက်ကို ပြလိုက်တယ်။

ကျွန်တော်။ ။ “ကျွန်တော့်မှာ တကယ်မရှိလို့ပါ။”
အမျိုးသမီး။ ။ “အစောကြီးထဲက ဘာလို့ မမေးမစမ်းပဲ ဖြုတ်ရတာလဲ။” (ဈေးသည်တစ်ယောက်အနေနဲ့ ဆိုရင်တော့ အတော်ရင့်သီးတဲ့ စကားပါ။)

ကျွန်တော်။ ။ “ကျွန်တော် ဘာလုပ်ပေးရမလဲ။”
အမျိုးသမီး။ ။ “တစ်ရာတန် ရအောင်ရှာ။”

ကျွန်တော် အဲ့ဒီအာလူးကြော်ထုပ်ကို သကြားလုံးဘူးလေးတစ်ခုပေါ် တင်ထားပြီး လှည့်ထွက်လာခဲ့ပါတော့တယ်။ ဒါတောင် အဲ့ဒီအမျိုးသမီးက ဘာတွေ ဆက်ပြောနေမှန်းမသိပါဘူးဗျာ။ ကျွန်တော် စိတ်တော်တော် ပျက်သွားမိတယ်။

IT 2007

ကဲ… ကွန်ပျူတာအကြောင်းလေး (ရှားရှားပါးပါး) လာပါပြီ။ ၂၀ဝ၇ နှစ်ကုန်တော့ Tech Blogger တော်တော်များများဟာ သူတို့ ၂၀ဝ၆ နှစ်ကုန်က ခန့်မှန်းခဲ့တာတွေ မှန်မမှန် ပြန်သုံးသပ်ကြတယ်။ ကုမ္ပဏီကြီးတွေက release လုပ်တဲ့ Product နဲ့ Service တွေကို ဝေဖန်စမ်းစစ်ကြတယ်ပေါ့ဗျာ။

Tech Blogger ပီသစွာ ဝေဖြိုးကျော်လည်း ၂၀ဝ၇ သုံးသပ်ချက်လေး ရေးဖြစ်ပါတယ်။ အခု ကျွန်တော့်ရဲ့ ဒီ Post က Response ပါ။

ကဲ Browser က စပြောရအောင်။ သူပြောသလိုပါပဲ။ Firefox ရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာကို ကျဆင်းလာပါတယ်။ ကြုံခဲ့ရတာတစ်ခုကတော့ 3D များများနဲ့ Online Flash Game တစ်ခုဟာ Loading ပြီးသွားပေမယ့် Firefox က Game ကို မဖော်ပေးနိုင်ပဲ Hang မတတ်ဖြစ်သွားပါတယ်။ အဲ့ဒီ Game ကိုပဲ IE7 မှာ အထစ်အငေါ့မရှိ Run နိုင်ခဲ့ပါတယ်။ Opera ဟာ ပြီးပြည့်စုံတဲ့ Browser တစ်ခုပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ Myanmar Unicode ဆိုတဲ့ ဟာကို ကောင်းကောင်း မဖော်ပြနိုင်ပါဘူး။ အဲ့ဒီတစ်ချက်ထဲနဲ့ Opera ကို ဝမ်းနည်းစွာ စွန့်လွှတ်ရပါတယ်။ (တစ်ယောက်ယောက်ကများ မြန်မာလို ပေါ်မယ့် နည်းလမ်းလေး ပေးနိုင်မယ်ဆိုရင် အတော်ဝမ်းသာစရာပါပဲ။)

Email ကတော့ Gmail ပါပဲ။ Gmail 2.0 က ဝေဖန်စရာများများ မရှိလောက်အောင်ကို ကောင်းနေပါတယ်။ အထူးသဖြင့် Contact Management က သပ်ရပ် လွယ်ကူလွန်းပါတယ်။ သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ Ajaxy Interface ကြောင့်ပဲ ထင်ပါရဲ့… IMAP လူသုံးမများခဲ့ဘူး။ (ကျွန်တော်ထင်တာပါ။ Figure အတိအကျတော့ မသိပါဘူး။)

Email Client အနေနဲ့ ဆိုရင်တော့ Windows Vista နဲ့ တွဲပါလာတဲ့ Windows Mail ဟာ Windows XP နဲ့ တွဲပါလာတဲ့ Outlook Express ထက်တော့ ပိုလှတာအမှန်ပဲ။ ဒါပေမယ့် အားနည်းချက်က ခဏခဏ Crash ဖြစ်တတ်တာပါပဲ။ ကျွန်တော့ ရွေးချယ်မှုက Thunderbird ပါ။ သပ်သပ်ရပ်ရပ်လေး သုံးချင်တယ်ဆိုရင် Mac ရဲ့ Mail Theme လေးသုံးပေါ့။ Thunderbird က အများကြီး ပိုပေါ့ပါတယ်။ စာပို့တာလည်း မြန်တယ်လို့ ထင်တယ်။ Windows Mail ကတော့ Native application ဖြစ်ပြီး ဒုက်ခပေးနေတာပါ။ (ဒါပေမယ့်လည်းပေါ့လေ MS Exchange Server တွေ အတွက်တော့ Outlook ဆက်ရှင်သန်နေဦးမယ် ထင်ပါတယ်။)

Operating System ကတော့ Leopard ပါပဲ။ User-centred OS မို့လို့ လို့ပဲ ပြောပါရစေတော့။ Ubuntu က ကျွန်တော် (ကွန်ပျူတာကျောင်းသား) ကိုတောင် Application လေးတစ်ခုသွင်းဖို့ Tutorial ၂ ခုလောက်တော့ ဖတ်ခိုင်းပါတယ်။ အမှန်တကယ်ကို စိတ်ညစ်စရာပါပဲ။ ၂၀ဝ၈ ထဲမှာတောင် Vista ကို ခြိမ်းခြောက်နိုင်မယ် မထင်သေးပါဘူး။

Microsoft ရဲ့ မှန်ကန်တဲ့ လုပ်ရပ်အဖြစ် အသိအမှတ်ပြုရမှာကတော့ Office 2007 ပါပဲ။ လှပပြီး သုံးရလွယ်စေမှုကို ရှေးရှုထားပါတယ်။ ဒါပေမယ့်လဲ File Format အသစ်ကတော့ Backward Compatibility အတွက် အမှတ်လျော့စေတာ အမှန်ပါပဲ။ Open-office က ကျောင်းသားတွေ သုံးဖို့အတွက်တော့ အဆင်သင့် မဖြစ်သေးပေမယ့် Office မရှိတဲ့ စက်တွေမှာတော့ ဖွင့်ကြည့်ဖို့၊ ပြင်ဖို့အတွက်တော့ အသုံးဝင်ပါတယ်။ Google ကတော့ သူ့ရဲ့ Pack ထဲမှာ StarOffice ကို ထည့်ပေးလိုက်ပါတယ်။ StarOffice ကိုတော့ မစမ်းကြည့်ရသေးပါဘူး။

Online office suite မှာ Zoho ကိုပဲ ကျွန်တော်လည်း ရွေးချယ်လိုပါတယ်။ ဘာလို့ဆို သဘောကိုကျလို့ပါ။ Online DB Tool ကို ထုတ်ပြလိုက်တာ တော်တော်လန်းပါတယ်။

Instant Messaging နဲ့ Micro-blogging တွေအတွက် ကျွန်တော်နဲ့ ဝေဖြိုးကျော်တို့ရဲ့ ရွေးချယ်မှုက တထပ်တည်းပါ။ Gtalk, Twitter နဲ့ Tumblr ပါ။ Pownce (မထင်ရလောက်အောင်) ကျရှုံးသွားပါတယ်။ လှမ်းလိုက်တဲ့ ခြေလှမ်းမှားတာလို့ ဆိုပါရစေ။

Notes တွေမှတ်တဲ့နေရာမှာတော့ ကိုယ့်စာအုပ်အကြိုက်ဆုံးပါ။ နောက်တာမဟုတ်ပါဘူး။ Windows အတွက်ရော၊ Internet မှာပါ စိတ်ကြိုက်မတွေ့သေးဘူး။ အနီးစပ်ဆုံး စိတ်ကျေနပ်တဲ့ Service ကတော့ Jottit.com ပါ။ Easy Web Page Creation Service ပါ။ ကိုယ်တိုင်လေ့လာကြည့်ရင် ပိုမြင်သာတယ်။ တစ်ချက် ကြည့်ကြည့်ပါ။
Facebook ကတော့ ၂၀ဝ၇ အတွက် စိတ်ပျက်စရာတစ်ခုလို့တောင် ဆိုချင်ပါတယ်။ ကျွန်တော့်မှာ Application Request ၃၀ အနည်းဆုံးရှိပါတယ်။ Application Developer ၁ သိန်းရဲ့ စိတ်ထင်တိုင်း လျှောက်ရေးမှုတွေပေါ့။ ဒါဟာ ဒုတိယမျိုးဆက် Social Networking ရဲ့ ခြေလှမ်းအစလို့ သတ်မှတ်ချင်ပါတယ်။ ဒီအတိုင်း ခပ်တည်တည်နဲ့ ဆက်သွားဖို့ ရှိပါတယ်။ Flop ဖြစ်မယ်တော့ မထင်ဘူး။ LinkedIn ကတော့ သူ့အကန့်နဲ့သူ ခမ်းနားနေပြီး ဝေဖြိုးကျော်ပြောသလို KickStart ကတော့ ကိုယ်တိုင်တောင် KickStart လိုက်နိုင်ရဲ့လား မသိပါဘူး။ Friendster ကတော့ ပုံမှန်လေး Maintenance လုပ်နေတုန်းပါပဲ။ Orkut ကတော့ Global Social Network ဆိုတာထက် India နဲ့ Brazil အတွက်ပဲ ဆိုရင်တောင် ပိုမှန်မလားပဲ။

Ads နဲ့ ပတ်သက်လို့တော့ ကျွန်တော်သိပ်မသလို့ မပြောတော့ဘူး။

Online Music အတွက်ကတော့ မြတ်မင်းဟန် ညွှန်းတဲ့ SongZa.com လေး မဆိုးပါဘူး။ Last.Fm တို့ Imeem တို့ကတော့ ကိုယ့် Rank လေးတွေနဲ့ ကိုယ် မင်သေသေပါပဲ။

ဟုတ်ပါတယ်။ YouTube ရဲ့ အောင်မြင်မှုကိုတော့ ငြင်းလို့ မရပါဘူး။ Joost ကလည်း Content ကောင်းကောင်းနဲ့ Invite တွေတောင် Popular ဖြစ်ခဲ့ရပါတယ်။

Podcast နဲ့ Mashup ကိုတော့ မရင်းနှီးလို့ ကျော်ပါရစေ။

Online Storage မှာတော့ MediaFire က အဆင်အပြေဆုံးပါ။ Aruna ရဲ့ ခြေလှမ်းကိုတော့ ကျွန်တော်တို့ စောင်ကြည့်ရပါမယ်။ သူ့ခြေလှမ်းက ပိုကျယ်ပြန့်နေပါတယ်။ File Transfer ကတော့ PipeByte က စိတ်ဝင်စားစရာ အမှန်ပဲ။ ဒါပေမယ့် ဟိုတလောက စမ်းသပ်ဖြစ်တဲ့ Portable HTTP File Server (HFS) က ကျွန်တော့်ရဲ့ ပုံမှန် File Transfer ပုံစံကို ပြောင်းသွားနိုင်တယ်လို့ ယုံနေပါတယ်။

နာမည်အကြီးဆုံး Gadget ကတော့ iPhone ပဲဖြစ်မှာပါ။ အဝေဖန်ချင်ဆုံး ဆိုရင်တော့ Amazon Kindle ပါ။

အကြိုက်ဆုံး Laptop ကတော့ မောင်ဝေဖြိုးကျော် ရွေးချယ်သလိုပဲ MacBookPro ပါ။

Music Player မှာတော့ iPod Touch ကိုပဲ ထပ်ရွေးပေးလိုက်ပါ့မယ်ဗျာ။ (တတ်နိုင်ဘူးလေကွယ်။)

Search Engine အတွက် Google နဲ့ Reference အတွက် Wikipedia က မပြောင်းမလဲ ရှိနေပါတယ်။ ဒါပေမယ့် Google ရဲ့ Encyclopedia Project ကိုတော့ အားမပေးပါဘူး။

မဖြစ်မနေ ဖတ်ဖြစ်တဲ့ Blog တွေက DownloadSquad, LifeHacker နဲ့ GoogleSystem ပါ။ Mashable ကိုလည်း ပုံမှန်လိုလို ဖတ်ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Windows အတွက် အောက်က Utitlities တွေကို ကျွန်တော့်အနေနဲ့ Recommend လုပ်ချင်ပါတယ်။

Comodo Personal Firewall Pro V 3.0
Avast Antivirus
Spyware Terminator + Spyware Blaster
CCleaner
JKDefragGUI
Sandboxie (if you love to take some ‘risks’ time to time)

ကဲ Post လည်း အတော်ကြီး ရှည်နေပြီဆိုတော့ ရပ်ပါတော့မယ်။ အားလုံးပဲ ၂၀ဝ၈မှာ ငြိမ်းချမ်းနိုင်ကြပါစေဗျာ။

ဒါတွေသိလား။

၁။ ပျမ်းမျှ ဂျပန်နိုင်ငံသူ တစ်ယောက်ရဲ့ သက်တမ်းဟာ ၈၄ နှစ် ရှိနေပေမယ့် ဘော့ဆွာနာနိုင်ငံသား တစ်ယောက်အတွက်တော့ ၃၉ နှစ်က ဘဝရဲ့ နိဂုံးအချိန်ပါ။

၂။ အဝလွန်ရောဂါ ခံစားနေရသူရဲ့ သုံးပုံတစ်ပုံက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေနေကြပါတယ်။

၃။ ကမ္ဘာပေါ်မှာ သေဒဏ်ပေးခဲ့တဲ့ Case တွေရဲ့ ၈၁ ရာခိုင်နှုန်းဟာ တရုတ်၊ အီရန် နဲ့ အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။

၄။ ဗြိတိန်က Supermarket တွေက ဗြိတိန်အစိုးရထက် သူ့တို့ရဲ့ ဝယ်ယူသူ ဖောက်သည်တွေကို ပိုနားလည်ကြတယ်။

၅။ ဥရောပသမဂ္ဂမှာ နွားတစ်ကောင်အတွက် တစ်ရက်ထောက်ပံ့ငွေဟာ ၂ ဒေါ်လာခွဲပါ။ အဲ့ဒီငွေကြေးပမာဏဟာ ၇၅ ရာခိုင်နှုန်းသော အာဖရိက တိုက်သားတွေ တစ်ရက်သုံးစွဲနိုင်တဲ့ ပမာဏ ထက် ပိုနေပါတယ်။

၆။ နိုင်ငံ ၇၀ ကျော်မှာ လိင်တူ လက်ထပ်မှုဟာ တရားမဝင်ပါဘူး။ ကိုးနိုင်ငံမှာတော့ ပြစ်ဒဏ်ဟာ သေဒဏ်ပါ။

၇။ လူ ၅ယောက်တိုင်းမှာ ၁ယောက်က ၁ရက်ကို ၁ဒေါ်လာထက်နည်းတဲ့ ငွေကြေးနဲ့ ရှင်သန်နေတယ်။

၈။ ရုရှနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အိမ်တွင်းအကြမ်းဖက်မှု တွေကြောင့် အမျိုးသမီး ၁၂၀ဝ၀ အသက်ဆုံးရှုံးနေရတယ်။

၉။ ၂၀ဝ၁ ခုနှစ်ထဲမှာ အမေရိကန်နိုင်ငံသူ နိုင်ငံသား ၁၃.၂ သန်းဟာ Plastic Surgery တမျိုး မဟုတ် တမျိုး ပြုခဲ့တယ်။

၁၀။ မြေမြုပ်မိုင်းတွေကြောင့် ၁ နာရီတိုင်း လူတစ်ယောက်ဟာ မသေရင်တောင် ခြေပြတ်လက်ပြတ် ဖြစ်နေကြတယ်။

၁၁။ အိန္ဒိယနိုင်ငံမှာ ကလေးလုပ်သား ၄၄ သန်း ရှိတယ်။

၁၂။ Golf ကစားသမား Tiger Wood ဟာ ကမ္ဘာ ဝင်ငွေအကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ တစ်စက္ကန့်ကို ၁၄၈ ဒေါ်လာနဲ့ တစ်နှစ်ကို ၇၈ သန်းရနေတာပါ။

၁၃။ အမေရိကန် နိုင်ငံသူ ၇ သန်းနဲ့ နိုင်ငံသား ၁ သန်းဟာ Eating Disorder* (အစားအသောက် အံလွဲမှု) ကို ခံစားနေရပါတယ်။

၁၄။ ဗြိတိန်နိုင်ငံက အသက် ၁၅နှစ်အရွယ် ဆယ်ကျော်သက်လူငယ် တွေရဲ့ တစ်ဝက်နီးပါးဟာ တားမြစ်ဆေးဝါးတွေကို စမ်းသပ်သုံးစွဲခဲ့ဖူးပြီး လေးပုံတစ်ပုံကတော့ ပုံမှန် စီးကရက်သောက်သုံးသူတွေပါ။

၁၅။ ကားတွေကြောင့် တစ်မိနစ်တိုင်းမှာ လူနှစ်ယောက် သေနေတယ်။

၁၆။ McDonald ရဲ့ ရွှေဝါရောင် M ပုံလေးဟာ လက်ဝါးကပ်တိုင်ထက် ပိုပြီး လူသိများပါတယ်။

၁၇။ ကင်ညာနိုင်ငံမှာ ပုံမှန်အိမ်အသုံးစရိတ်ရဲ့ ၃ ပုံ ၁ ပုံဟာ လာဘ်ပေးရတဲ့ငွေ ပါ။

၁၈။ ကမ္ဘာပေါ်မှာ တရားမဝင်ဆေးဝါးတွေရဲ့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄၀ဝ ဘီလီယံ ရှိနေပါတယ်။ အဲ့ဒီပမာဏဟာ တရားဝင်ဆေးဝါးကုန်သွယ်မှု ပမာဏနဲ့ သွားတူနေပါတယ်။

၁၉။ အမေရိကန်နိုင်ငံသား ၅၀ရာခိုင်နှုန်းဟာ ဂြိုဟ်သားတွေ ကမ္ဘာကို ရောက်လာခဲ့ဖူးပြီလို့ ယုံကြည်နေကြတယ်။

၂၀။ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေသေးတယ်။

၂၁။ နေ့စဉ်နေ့တိုင်း လူ ၅ ယောက်မှာ ၁ယောက် (သန်း၈၀ဝလောက်ရှိတဲ့ ကမ္ဘာသားတွေဟာ) စားစရာမရှိဖြစ်နေတယ်။

၂၂။ အမေရိကန်နိုင်ငံမှာ မွေးတဲ့ လူမည်းတွေဟာ ထောင်ကျဖို့ ၃၀ ရာခိုင်နှုန်း သေချာပြီးသားပါ။

၂၃။ ကမ္ဘာလူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ စစ်တလင်းမှာ ရောက်နေတယ်။

၂၄။ ကမ္ဘာအရံ လောင်စာဆီဟာ ၂၀၄၀ ဆိုရင် ကုန်ပြီ။

၂၅။ ဆေးလိပ်သောက်တဲ့ လူတွေရဲ့ ၈၂ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကပါ။

၂၆။ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ တယ်လီဖုန်းရဲ့ Auto (Dial Tone) အသံကို မကြားဖူးကြသေးဘူး။

၂၇။ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ဖြစ်ပွားခဲ့တွေ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ၄ ပုံ ၁ ပုံမှာ သဘာဝအရင်းအမြစ် အတွက် ရုန်းကန်မှုတွေ ပါဝင်ပတ်သက်နေတယ်။

၂၈။ အာဖရိကတိုက်သား သန်း ၃၀ ကျော်ဟာ HIV-positive ဖြစ်နေတယ်။

၂၉။ ဘာသာစကား ၁၀ ခုခန့်ဟာ နှစ်စဉ်နှစ်တိုင်း ပျောက်ကွယ်နေပြီ။

၃၀။ လက်နက်ကိုင် ပဋိပက္ခကြောင့် ဖိတ်စင်ရတာထက် မိမိကိုယ်ကို သတ်သေမှုက ဒီနေ့ကမ္ဘာမှာ ပိုများနေတယ်။

၃၁။ အမေရိကန်က ကျောင်းတွေမှာ ကျောင်းကို သေနတ်ယူလာလို့ ကျောင်းသား ၈၈ ယောက်လောက် အပတ်တိုင်း ကျောင်းထုတ်ခံနေရတယ်။

၃၂။ ကမ္ဘာပေါ်မှာ ယုံကြည်ချက်အတွက် ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား သုံးသိန်းကျော်ရှိတယ်။

၃၃။ ကလေးစစ်သား ၃သိန်းကျော်ဟာလည်း ပဋိပက္ခတွေထဲမှာ တိုက်ပွဲဝင်နေဆဲပါ။

၃၄။ ၂၀ဝ၁ ခုနှစ်မှာ ကျင်းပတဲ့ ဗြိတိန်အထွထွေ ရွေးကောက်ပွဲမှာ နိုင်ငံသား ၂၆သန်းနီးပါး မဲထည့်ခဲ့ပါတယ်။ Pop Idol ပထမရာသီ အတွက်တော့ မဲပေါင်း ၃၂သန်းကို ရေတွက်ခဲ့ရပါတယ်။

၃၅။ အမေရိကန်ဟာ Pornography အတွက် ၁၀ ဘီလီယံသုံးတယ်။ အဲ့ဒီပမာဏကိုပဲ နိုင်ငံခြားထောက်ပံ့ငွေအဖြစ် သတ်မှတ်ထားတယ်။

၃၆။ ကမ္ဘာပေါ်မှာ ငွေဝယ်ကျွန် ၂၇ သန်း ရှိသေးတယ်။

၃၇။ အမေရိကန်တွေဟာ ၁ နာရီတိုင်းမှာ ပလက်စတစ်ပုလင်း ၂သန်းခွဲလောက် စွန့်ပစ်နေကြတယ်။ သုံးပတ်လောက်စုလိုက်ရင် အဲ့ဒီပုလင်းတွေဟာ လကမ္ဘာအထိတောင် ရောက်နိုင်တယ်။

၃၈။ မြို့ပြနေ သာမန် ဗြိတိန်နိုင်ငံသား တစ်ယောက်ဟာ ကင်မရာထဲ တစ်နေ့ အခေါက် သုံးရာလောက်ပါနေတယ်။**

၃၉။ အမျိုးသမီး ၁သိန်း ၂သောင်းခန့်ဟာ အနောက်ဥရောပကို နှစ်တိုင်း လူကုန်ကူးခံနေရတယ်။

၄၀။ နယူးဇီလန်ကနေ ဗြိတိန်ကို တင်ပို့တဲ့ ကီဝီသီး တစ်လုံးဟာ သူ့အလေးချိန်ရဲ့ ၅ ဆရှိတဲ့ ဖန်လုံအိမ်အာနိသင် ရှိတဲ့ Gas တွေ ထုတ်လွှတ်တယ်။

၄၁။ US က UN ကို ပေးစရာ အကြွေး ၁ ဘီလီယံ ရှိနေသေးတယ်။

၄၂။ ချို့တဲ့တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေဟာ ပြည့်စုံတဲ့ ကလေးတွေထက် စိတ်ဝေဒနာခံစားမှု ဖြစ်နိုင်စွမ်း သုံးဆများတယ်။

*ကျွန်တော်နားလည်သလောက် Eating Disorder က အစားစာလိုစိတ် မရှိ၊ ပျို့ချင်အန်ချင် ဖြစ်ပြီး အစားစာချိန် မမှန်တော့တာပါ။

**အမေရိကန်မှာ CCTV သန်း ၃၀ ကျော် တပ်ဆင်ထားတယ်။ နိုင်ငံသားတစ်ယောက်ဟာ ၁ရက်ကို အကြိမ် ၂၀ဝ ကင်မရာထဲ ပါပါနေတယ် ဆိုတဲ့အကြောင်းကို LOOK ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးထားပါတယ်။ ၂၀ဝ၈ ထဲမှာ ထွက်ပါလိ့မ်မယ်။ တစ်ကားလုံး CCTV Camera တွေက မြင်ရသလိုမျိုး ရိုက်ကူးထားတယ်လို့ သိရပါတယ်။

အချစ်ဆိုတာ ဘာလဲ။

ကျွမ်းကျင်ပုဂ္ဂိုလ် တစ်စုက “အချစ် ဆိုတာ ဘာလဲ” ဆိုတဲ့ မေးခွန်းကို အသက် ၄နှစ်ကနေ ၈နှစ်ကြားကလေးတွေကို မေးတော့… သူတို့ ပြန်ဖြေတဲ့ အဖြေက ကျွန်တော်တို့ တွေးမိမှာထက် လေးနက်ကျယ်ပြန့်နေတယ်။

ဘွားဘွား အဆစ်ယောင်ရောဂါ ရတော့ ဘိုးဘိုးက ဘွားဘွားကို ခြေသည်းနီတွေ တချိန်လုံး ဆိုးပေးနေတာ… ကြာတော့ ဘိုးဘိုးပါ လက်ဆစ်တွေ စယောင် လာတယ်လေ… အဲ့တာ အချစ်ပေါ့။
Rebecca – အသက် ၈ နှစ်

အချစ်ဆိုတာ… လူတစ်ယောက်နဲ့ အပြင်ထွက်၊ လျှောက်လည်၊ စားသောက်ကြတဲ့အခါမှာ သူပေးတဲ့ French Fries ကို လက်မခံပဲ ကိုယ့်ဆီက French Fries တွေကိုပဲ ပေးတာ အချစ်ပါ။
Chrissy – အသက် ၆ နှစ်

မေမေက ဖေဖေ့အတွက် ကော်ဖီဖျော်ရင် အရသာကောင်း၊ မကောင်း သေချာအောင် အရင် တစ်ငုံစုပ်သောက်ကြည့်တာ အချစ်ပါ။
Danny – အသက် ၇ နှစ်

လူတစ်ယောက်ကို သူ့အင်္ကျီသိပ်လှတာပဲလို့ ပြောလိုက်လို့ အဲ့လူ နေ့တိုင်းဝတ်တာ အချစ်ပါ။
Noelle – အသက် ၇ နှစ်

မေမေက ကြက်တစ်ကောင်လုံးရဲ့ အကောင်းဆုံး အစိတ်အပိုင်း ကို ဖေဖေ့ကို ပေးတာ အချစ်ပါ။
Elaine – အသက် ၅ နှစ်

ဖေဖေ ချွေးတွေ၊ သံတွေနဲ့ ရွှဲစို၊ နံစော်နေတာတောင် မေမေက ဖေဖေ့ကို Robert Redford ထက် ပိုကြည့်ကောင်းတယ်လို့ ပြောတာ အချစ်ပါ။
Chris- အသက် ၇ နှစ်

တစ်နေ့လုံး သူ့ကို ပစ်ထားတာတောင်မှ သမီး Puppy လေးက သမီးမျက်နှာကို လျက်တာ အချစ်ပါ။
Mary Ann – အသက် ၄ နှစ်

Vista Basic & Domain

I had to set up a new Vista Home PC and join a domain, without realizing that I could not do so. Well, I first tried enabling ‘Ctrl+Alt+Del’ key combination for login. To do so:

Run : netplwiz

Under ‘Advanced’ tab, mark the checkbox ‘Require users to press Ctrl+Alt+Delete’. It did appear but it never requested me to provide username and password at the logon. So, I enabled it under Registry Editor.

Run : regedit

Under ‘HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\Policies\System‘, ‘dontdisplayusername‘ value was changed to 1 (which means ‘true’). Now, I can provide username and password. So, I entered ‘<domainname>\<username>‘ and ‘<password>‘. But, I later realized that I had not mentioned this PC as part of the domain.

So, I right-clicked on ‘My Computer‘ and just right to ‘Computer name‘, I clicked ‘Change settings‘. Again, I clicked ‘Change‘ button again to join a domain. Eek! I saw the following message on that dialog box.

2007-12-06_121511.jpg