ကမ္ဘာပေါ်တွင် အပေါ့ဆုံးအရာ

ပဉ္စမတန်း။ လပတ်စာမေးပွဲ။ သိပ္ပံဘာသာ။ ၂ မှတ်တန်မေးခွန်း။ ကျောင်းသားတိုင်း ခေါင်းစားနေတယ်။ ကမ္ဘာပေါ်တွင် အပေါ့ဆုံးအရာသည် အဘယ်နည်း။

တော်တော်များများက အငွေ့ဖြစ်သည်။ (အဟိ… ဘောင်တော့ နည်းနည်းလွတ်တယ်နော်) အကုန်မှားပြီး အမှတ်တွေ လျော့ကုန်ကြရော။ (အခုပြန်စဉ်းစားကြည့်တော့လည်း အဖြေမှန်ကို မမှတ်မိသေးဘူး။)

ဒါပေမယ့် အတန်းထဲမှာ တချို့ အမှတ်ပြည့်ရတယ်.. Hyper လေးတွေ ၂ယောက်၊ ၃ယောက်။ (အမှန်တော့ အနီးအနားမှာ ထိုင်တဲ့ သူငယ်ချင်း အရင်းကြီးတွေပါ။) အဲ့တာနဲ့ အဲ့ဒီကောင် ၂ကောင်၊ ၃ကောင်ကို မင်းတို့ကဘယ်လိုဖြေလို့လဲ ဆိုပြီး အားလုံးဝိုင်းမေးကြရော…။ ဒါပေမယ့် ဒီကောင်တွေက… မေးတာကို ကောင်းကောင်းမဖြေဘူး။ ဟိုလိုလို… ဒီလိုလိုပေါ့။

နောက်ဆုံးတော့ မကောင်းတတ်တော့တာနဲ့ ဒီကောင်တွေရဲ့ အဖြေလွှာတွေကို ဒီကောင်တွေ ထုတ်ပြရရော။ အောင်မယ်… ဆရာသမားတွေကလည်း.. အငွေ့ပဲ။ ဒါပေမယ့် အမှန်ခြစ်ကလေးနဲ့။… ဒါမျိုးဘယ်ရမလဲ။ ဆရာမကို Complaint ပြန်တတ်ကြတာပေါ့။ ဆရာမမှာလည်း… သူ *မတော်တဆ* အမှန်ပေးလိုက်မိတော့ အမှတ်ပြန်လျှော့ လိုက်ပါတယ်။ (ချစ်သူငယ်ချင်းကြီးတွေတော့ မျက်နှာမကောင်းရှာပါဘူး။)

အခုပြန်စဉ်းစားကြည့်တော့ အတော်ကလေးဆန်တဲ့ အလုပ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း.. တစ်ဖက်ကပြန်စဉ်းစားရင်… ကလေးတွေပဲမို့လို့ ကလေးဆန်တဲ့ အလုပ်ကို အောင်အောင်မြင်မြင် လုပ်ခဲ့ကြသလားလို့… စဉ်းစားလျက်ပါ။

ကျေးဇူးတင်ပါတယ်။
mgthantzin

မှတ်မိလား…

“မနေ့က မနက်စာ… ဘာနဲ့ စားလဲ” ..? မှတ်မိပါသလား။ စင်္ကာပူမှာတော့ နေ့တိုင်း ဒီထမင်း ဒီဟင်းကို ဒီဆိုင်မှာပဲ စားနေကြဆိုရင်တော့… ဟုတ်တာပေါ့။ မှတ်မိမှာပေါ့။ ကိုယ့်အိမ်က ချက်တာမို့ တစ်နေ့တစ်မျိုး မရိုးရအောင် ဆိုရင်တော့… ချက်တဲ့လူတောင် နည်းနည်း မေ့နေတတ်တာ ကြုံဖူးမှာပါ။

ဆေးပညာလေ့လာနေတဲ့ အစ်မတစ်ယောက်က အဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

“လူ့ဦးနှောက်က သူ *မလိုအပ်ဘူးလို့ ထင်တာတွေကို* မှတ်မထားပါဘူး။ အထူးသဖြင့် နေ့တိုင်းစားနေတဲ့ ထမင်းဟင်းအမယ်ကို ဦးနှောက်မှာ နေရာအကုန်ခံပြီး နေ့တိုင်း အသစ်အသစ်တွေ မှတ်ပေးမနေပါဘူး။ No use မို့လို့ပါ” တဲ့။

စိတ်ဝင်စားစရာပါ။ နည်းနည်းလောက် ပြန်စဉ်းစားကြည့်… ကိုယ့်ဦးနှောက်ထဲမှာ ဘာတွေမရှိတော့ဘူး လဲလို့။

စင်္ကာပူရဲ (၂)

နံပါတ် ၂ တောင်ဖြစ်သွားပြီ။ အဟဲ။ (ကျွန်တော် အရင်ကလည်း စင်္ကာပူရဲ ဆိုပြီး တစ်ခေါက် ရေးဖြစ်ပါသေးတယ်။)

ဒီတစ်ခေါက်ကတော့ နည်းနည်းပိုဆန်းတယ်။ အဲ့ဒီတုန်းက ညဖက်ကြီးပါ။ မိုးတောင် တော်တော်ချုပ်နေပြီ။ ကျွန်တော့် သူငယ်ချင်း အထီးတစ်ယောက်၊ အစ်မတစ်ယောက်ရယ်၊ ကျွန်တော်ရယ် ပန်းခြံတစ်ခုထဲ ထိုင်ပြီး စကားတွေ ပြောနေကြတာ။ ပန်းခြံက လူနည်းနည်း ပြတ်တယ်။

နည်းနည်းလေး ကြာတော့… ကျွန်တော့်တို့နားကို အရပ်ဝတ်နဲ့ မိန်းမတစ်ယောက်ရယ်၊ ယောကျာ်း သုံးယောက်လောက်ရယ် ရောက်လာပြီး သူတို့ ရဲတွေပါတဲ့။ Routine Check ပါ ဆိုပြီး ကျွန်တော်တို့ကို ဘယ်သူလဲ၊ ဘယ်ကလဲ မေးပါတယ်။

ကျွန်တော်တို့ လွယ်အိတ်တွေကို အရင် စစ်ပါတယ်။ နောက်.. ကျွန်တော်တို့ ဖုန်းတွေကို ထုတ်ခိုင်းပါတယ်။ ပြီးတော့ ဘယ်တုန်းက ဘယ်မှာဝယ်တာလဲ တဲ့။ ကျွန်တော်တို့လည်း ကြောင်တောင်တောင် ဖြစ်တာပေါ့။ ဒါပေမယ့် ခပ်တည်တည်ကြီးတွေနဲ့ စစ်မေးနေတာဆိုတော့ ကိုယ်လည်း အကျိုးသင့် အကြောင်းသင့် ပြန်ဖြေရတာပေါ့။

ကျွန်တော်လည်း ကျွန်တော့်ဖုန်းက ပြီးခဲ့တဲ့နှစ်က Plaza Singapura မှာ ဝယ်ထားတာပါပေါ့။ သူငယ်ချင်း နှစ်ယောက်ကလည်း ဖြေကြပါတယ်။ နောက်တော့ ကျွန်တော်တို့ ဖုန်းတွေရဲ့ Serial Number (IMEI) တွေကို ရေးမှတ်သွားပါတယ်။ ကျွန်တော်တို့ကို ဘယ်မှ မသွားခိုင်းသေးပဲ သူတို့ ခပ်လှမ်းလှမ်းမှာ Database နဲ့ ပြန်သွား Check ပုံရတယ်။

သူတို့ ထဲမှာ အမျိုးသမီးလုပ်တဲ့သူက ရာထူးကြီးပုံရတယ်။ သူလုပ်စရာရှိတာပဲ လုပ်နေတယ်။ နောက်ရဲတစ်ယောက်ကတော့ ကျွန်တော်တို့ ကျောင်းပြီးခါစတွေ မှန်းလဲသိနေတော့… “ဟာ အခု လုပ်နေတဲ့ ကွန်ပျူတာ ပြပွဲ မသွားကြဘူးလား” ဆိုတော့ ကျွန်တော်လည်း “ဘာမှ သိပ်စိတ်ဝင်စားစရာ မရှိဘူး လို့ ပြောနေကြလို့ မသွားဖြစ်တာပါ” ဆိုပြီး ပြန်ဖြေ…

ဖြေတော့ ဆရာသမားက “အေး.. External Harddisk တွေတော့ ဈေးချနေတယ်။ သွားကြည့်ကြပေါ့” တဲ့။ လူလိုသူလိုပဲ စကားပြောပါတယ်။

နောက်တော့မှ ဟိုအမျိုးသမီးက ရှင်းပြပါတယ်။ ဖုန်းခိုးတဲ့လူတွေ၊ သူခိုးလက်ခံဝယ်နေတဲ့ သူတွေအတွက် ပုံမှန် Routine Check ပါတဲ့။ ကိုယ့်ကို (မသင်္ကာလို့ပဲ ဖြစ်ပါစေ) Check ခံရတာ ဘယ်လိုမှ စိတ်ထဲ မခံစားရဘူး။

နောက်ပြီး “နင်တို့တွေ မိုးဒီလောက်ချုပ်နေပြီ။ ဘာလုပ်နေတာလဲ။ အိမ်ပြန်” ဆိုတာမျိုး လုံးဝ မပြောပါဘူး။ ကျွန်တော်တို့အနေနဲ့ ၂၄ နာရီ ဖွင့်တဲ့ Park တစ်ခုမှာ ဘာဥပဒေနဲ့မှ မညှိစွန်းရင် နေခွင့်ရှိနေတာကို သူတို့ဘက်က လက်ခံပါတယ်။ ဒါ့အပြင် သူတို့ကိုယ်တိုင် ၂၄ နာရီ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို တာဝန်ယူထားပေးသေးတယ်။

ကောင်းပါတယ်။ Singapore က အတော့်ကို တရားဥပဒေစိုးမိုးတာတော့ အမှန်ပါပဲ။

သင်သေသွားသော်

သြော်… လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

(ဇော်ဂျီ)

အိုးဝေမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၊ ဒီဇင်ဘာ ၁၉၃၅။

Tech Update

I restarted using Delicious (Delicious/mgthantzin) again as it looks/works much better. Still, I see ‘You’ve been blocked…‘ message now and then. (Reload just works most of the time.) Launchy 2.1.1 seems more responsive in Vista then previous versions. I’m reusing that also. I uninstalled 7-Zip and replaced it with jZip Only one reason: I can ‘Extract to <foldername>…’ right from context-menu.

TeraCopy was installed a few weeks back just to move some *big* files. It works. I’ve also installed Vista SP1 after I installed TeraCopy. So, I don’t know whether native move/copy function is really enough or TeraCopy is a better alternative? I haven’t tried.

I received DropBox invite a month+ ago (finally!). It works like a charm. You may wanna check out Syncplicity as well. In XP, PowerToy Image Resizer does its work from context-menu. In Vista, my choice is VSO Image Resizer. They said faster Engine Version 2 was used in this release. But, the interface is kinda more complex than previous versions. I suggest they should keep it simple. All we need is to resize an image/images.

2 Adobe AIR applications I find quite useful are twhirl and Doomi.

လျှော

လျှောဆိုတာ များသောအားဖြင့် သစ်သားပြား နှစ်ချောင်း ကပ်ရိုက်ပြီး ဘေးမှာ ဘောင်တပ်ထားတဲ့ ကလေးကစားကွင်းထဲက ကစားစရာ တမျိုးပေါ့…

၇ တန်းတုန်းက မြန်မာစာ ဆရာမတစ်ယောက် ပြောပြတဲ့ အကြောင်းလေးပါ။ ဘာရယ် မဟုတ်ပေမယ့် ပြန်စဉ်းစားတိုင်း အသည်းကျိန်းလို့…

ဆရာမတို့ ငယ်ငယ်တုန်းက ကျောင်းကစားကွင်းထဲမှာ အခုနက ပြောတဲ့ လျှောဆိုတာကြီး ရှိသတဲ့…။ ဘယ်လိုစိတ်ဓာတ်ရှိတဲ့ အပေအတေလေးတွေ လည်းတော့ မသိဘူးပေါ့ဗျာ… အဲ့ဒီ သစ်သားပြား နှစ်ခုကြားထဲ… ဘလိတ်ဓားညှပ်သတဲ့။

လျှောစီးပြီး ဆင်းသွားတဲ့ကလေးတိုင်းက ခါးအောက်ပိုင်းလေး ပွတ်ပွတ်သွားပြီး ထပ်မစီးတော့ဘူး။ ကလေးပီပီ ကိုယ့်နောက်က စီးမယ့်သူတွေကိုလည်း အသိမပေးဘူး တဲ့ဗျ။

ဘယ်လောက်ဆိုးလဲဗျာ…။ စဉ်းတော့စဉ်းစားစရာဗျ။ အသားကို မလှီးမိဘူးလားဆိုတာမျိုးပေါ့။ မသိပါဘူးဗျာ။ ဆရာမက အမှတ်တယပြန်ပြောတဲ့ အကြောင်းလေးတစ်ခုပါပဲ။ (တကယ် ဟုတ်၊မဟုတ် တော့ မသိပါ။)

သွေးထွက်သံယို ကင်းဝေးကြပါစေ… =]

သုည (၃)

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်…
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး…

သုည (၂)

တစ်ဘဝစာ…
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှမပိုခဲ့ပါဘူး။)

ကောင်မလေးရေ…
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ…
…လွမ်းတယ်

သုည (၁)

ကြယ်တွေကို ခူး… ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ
ဒါပေမယ့်…
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ပါဘူး၊
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။